အင်္ဂလန်နည်းပြတာဝန်ကနေ ဆမ်အလာဒိုက်စ် နှုတ်ထွက်

အင်္ဂလန်နည်းပြတာဝန်ကနေ ဆမ်အလာဒိုက်စ် နှုတ်ထွက်
(ဓာတ်ပုံ - အီးပီအေ)

ဆမ်အလာဒိုက်စ်ဟာ အင်္ဂလန်အသင်းကို (၆၇)ရက်အကြာ တစ်ပွဲသာ ကိုင်တွယ်ခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) နှင့်အတူ အပြန်အလှန် သဘောတူညီချက်အားဖြင့် အင်္ဂလန်နည်းပြရာထူးမှ လမ်းခွဲလိုက်ကြောင်း သိရပါတယ်။

အသက် (၆၁)နှစ်အရွယ် ဆမ်အလာဒိုက်စ်ဟာ ကစားသမား အပြောင်းအရွှေ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းတဲ့ ဘယ်လိုလက်တစ်လုံးခြား လုပ်လို့ရသလဲကို အကြံပေးရန် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ ဗြိတိန်ထုတ် Telegraph သတင်းစားက ဖော်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဆမ်အလာဒိုက်စ်ဟာ အာရှဒေသအဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်တာဝန်ယူပြီး ၎င်းရဲ့ အခန်းကဏ္ဍကို ပေါင် (၄)သိန်းနဲ့ သဘောတူခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာတော့ ဆမ်အလာဒိုက်စ်မှာ "မလျော်ကန်တဲ့ လုပ်ရပ်ကို" ကျုးလွန်ခဲ့ပြီး ဂါရတ်ဆောက်ဂိတ်က ယာယီနည်ပြအဖြစ် တာဝန်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။

"သူက ကိုယ်တိုင် အမှားကျူးလွန်ခဲ့တာကို လက်ခံခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်"လို့ အက်ဖ်အေက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required