တရုတ်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ကိုးဦးသေဆုံးပြီး ၁၁ ဦး ပိတ်မိနေ

တရုတ်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ကိုးဦးသေဆုံးပြီး ၁၁ ဦး ပိတ်မိနေ

စက်တင်ဘာ ၂၇ ။          ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ စက်တင်ဘာလ ၂၇ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ကိုးဦးသေဆုံးကာ အခြား ၁၁ ဦး မြေအောက်တွင် ပိတ်မိနေလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

ပေါက်ကွဲမှုသည် စက်တင်ဘာလ ၂၇ ရက်နံနက်ပိုင်းက နိုင်ငံရှိ ရှီကျွေစန်းမြို့ရှိ မိုင်းတွင်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ကယ်ဆယ်ရေးသမားများက မြေအောက်တွင် ပိတ်မိနေသူများကို အမြန်ဆုံးကယ်ဆယ်နိုင်ရန် ကြိးပမ်းနေရလျက်ရှိသည်။ ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေလျက်ရှိသည်။

တရုတ်နိုင်ငံမှ မိုင်းတွင်းများတွင် ကမ္ဘာပေါ်တွင် လူသေဆုံးမှုအများဆုံး ဘေးအန္တရာယ်ဖြစ်စဉ်များ ရှိထားခဲ့ပြီး နောက်ပိုင်းကာလများတွင် ဘေးကင်းလုံခြုံမှုပိုင်း တိုးမြင့်လုပ်ဆောင်လာခြင်းများကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း လူသေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required