“Running Man” က မကြာမီ ပြသမယ့် အပိုင်းသစ်အတွက် အနုပညာရှင် ၁၀၀ ဦးကို ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င်ပေးရန် ဖိတ်ကြား

“Running Man” က မကြာမီ ပြသမယ့် အပိုင်းသစ်အတွက် အနုပညာရှင် ၁၀၀ ဦးကို ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င်ပေးရန် ဖိတ်ကြား

ဆိုးလ်၊ စက်တင်ဘာ ၂၇ ။                  ။ SBS ရုပ်သံ၏ အစီစဉ် တစ်ခုဖြစ်သော “Running Man” အစီစဉ်က မကြာမီ ထုတ်လွှင့်ပြသမည့် အပိုင်းသစ်အတွက် အနုပညာရှင် ၁၀၀ ဦးကို ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ပေးရန် ဖိတ်ကြားထားကြောင်း ပြောကြားခဲ့သည်။

“Running Man” အစီစဉ်သည် ပရိသတ်များ၏ အသည်းစွဲ အနုပညာရှင်များ ၊ ဟာသ နှင့် အစီစဉ် တင်ဆက်သူများ အထိ အနုပညာရှင် ၁၀၀ ဦးကို ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ပေးရန် ဖိတ်ကြားခဲ့ကြောင်း  SBS ရုပ်သံက ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ ကြယ်ပွင့်များသည်  အနုပညာရှင်များကို လိုက်ဖမ်းကာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပေးရမည့် “ Running Man”  မစ်ရှင်တွင် ပါဝင် သရုပ်ဆောင် သွားမည်ဖြစ်သည်။

ရိုက်ကူးမှုကို  Yeouido Hangang ပန်းခြံ၌ စက်တင်ဘာ ၂၇ရက်တွင် စတင် သွားမည်ဖြစ်ကြောင်း သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။ အဆိုပါ အပိုင်းသစ်ကို အောက်တိုဘာ ၂ရက်တွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly