ရိန်းကို ခြိမ်းခြောက်ငွေညှစ်သူ ဆိုင်းငံ့ပြစ်ဒဏ် ၁၀ လချမှတ်ခံရ

ရိန်းကို ခြိမ်းခြောက်ငွေညှစ်သူ ဆိုင်းငံ့ပြစ်ဒဏ် ၁၀ လချမှတ်ခံရ

ဆိုးလ် ၊ စက်တင်ဘာ ၂၇ ။          ။ တောင်ကိုရီးယားအဆိုတော်  ရိန်းကို အိမ်ငှားစာချုပ်နှင့်စပ်လျဉ်း၍ လုပ်ကြံပြောဆို စွပ်စွဲခဲ့သော အမျိုးသမီးဒီဇိုင်နာပက်ခ်သည် ခံဝန်ချုပ် နှစ်နှစ် နှင့်အတူ ဆိုင်းငံ့ပြစ်ဒဏ် ၁၀လ ချမှတ်ခြင်းခံခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပက်ခ်က ရိန်းသည် အိမ်ငှားစာချုပ်နှင့်စပ်လျဉ်း၍ လုပ်ကြံမှုများရှိကြောင်း စွပ်စွဲပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလက တရားရုံးတွင် အမှုဖွင့်တိုင်တန်းခဲ့သော်လည်း ရိန်းအပေါ် ပက်ခ်၏စွပ်စွဲချက်များသည်  မှန်ကန်ုမှုမရှိကြောင်းကို တရားရုံးက တွေ့ရှိခဲ့သည်။

ပက်ခ်၏ မမှန်မကန်ပြောကြားမှုများကြောင့် တရားရုံးက ရိန်းကို အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးခဲ့ပြီး ပက်ခ်သည် ကျန်မားရေးအခြေနေမကောင်းခြင်းကြောင့် ခံဝန်ချုပ် နှစ်နှစ် နှင့်အတူ ဆိုင်းငံ့ပြစ်ဒဏ် ၁၀လချမှတ်ပေးခဲ့သည်။

ပက်ခ်သည် ၂၀၀၉ ခုနှစ်က  အနုပညာပြခန်းဖွင့်လှစ်ရန် ရိန်း၏ အဆောက်အအုံရှိ နေရာတစ်နေရာကို ငှားရမ်းခဲ့ပြီး အဆောက်အအုံတွင် အပြစ်အနာဆာများရှိခြင်းကြောင့် ပက်ခ်သည် ငှားရမ်းခပေးခြင်း မရှိတော့ပေ။

ရိန်းက ပက်ခ်ကို တရားစွဲဆိုခဲ့ပြီး ဥပဒေအရ နှင်ထုတ်ခဲ့သည်။ယင်းနောက် ပက်ခ်က ရိန်းသည် အဆောက်အဦးကို ပြန်လည်ပြင်ဆင်ပေးမှု မရှိခြင်းကြောင့် ၎င်း၏အနုပညာလက်ရာများ ပျက်စီးခဲ့ကြောင်း နှင့် ပျက်စီးမှုများအတွက် ဝမ်ငွေ သန်း ၂၀၀ ( အမေရိကန်ဒေါ်လာ ၁၈၀ ၀၀၀) ပေးရန် တရားစွဲဆိုခဲ့သော်လည်း တရားစွဲဆိုမှုတွင် ပက်ခ် ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required