စစ်ရေးလေ့ကျင့်စဉ် တောင်ကိုရီးယား စစ်ရဟတ်ယာဉ် ပင်လယ်ထဲ ပျက်ကျ၊ သုံးဦး ပျောက်ဆုံးနေ

စစ်ရေးလေ့ကျင့်စဉ် တောင်ကိုရီးယား စစ်ရဟတ်ယာဉ် ပင်လယ်ထဲ ပျက်ကျ၊ သုံးဦး ပျောက်ဆုံးနေ

စက်တင်ဘာ ၂၇ ။             ။ အမေရိကန်နှင့် ပူးတွဲလုပ်ဆောင်ခဲ့သော စစ်ရေးလေ့ကျင့်မှု တစ်ခုတွင် ယမန်နေ့ စက်တင်ဘာ ၂၆ ရက် ညပိုင်းက တောင်ကိုရီးယား စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပင်လယ်တွင်း ပျက်ကျသွားခဲ့ရာ သုံးဦး ပျောက်ဆုံးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်အတွင်း စစ်သင်္ဘောကြီး တစ်စီးပေါ်မှာ ထွက်ခွာ ပျံသန်းသွားပြီးနောက် မကြာမီ ယင်းရဟတ်ယာဉ်ထံမှ ဘေးအန္တရာယ် ကျရောက်ကြောင်း အချက်ပြမှု   ပေးပို့ခဲ့ပြီးနောက်   ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ရဟတ်ယာဉ်သည် ပင်လယ်တွင်းသို့ ပျက်ကျသွားခြင်းသာ ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်လိုက်ပါသွားသူ သုံးဦးအား ရှာဖွေရန် ကယ်ဆယ်ရေး သမားများ လုပ်ဆောင်နေကြကြောင်း ၎င်းက ပြောသည်။

တနင်္လာနေ့က လုပ်ဆောင်ခဲ့သည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ယခုလအတွင်း ငါးကြိမ်မြောက် နျူစမ်းသပ်မှု လုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယားကို တုန့်ပြန်ကာ စစ်ရေးအင်အား ပြသမှုတစ်ခုလည်းဖြစ်သည်။

ယင်းလေ့ကျင့်မှုတွင် အမေရိကန်၏ ပဲ့ထိန်းဒုံးခွင်း စစ်သင်္ဘောကြီးနှင့် တောင်ကိုရီးယား စစ်သင်္ဘောများ ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required