လီဗာပူးလ်၏ ချန်ပီယံရေပန်းစားမှုကို နည်းပြ ဂျာဂင်ကလော့ ပယ်ချ

လီဗာပူးလ်၏ ချန်ပီယံရေပန်းစားမှုကို နည်းပြ ဂျာဂင်ကလော့ ပယ်ချ

စက်တင်ဘာ ၂၇၊ အင်္ဂလန် ။          ။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်း၏ ရေပန်းစားနေမှုကို နည်းပြ ဂျာဂင်ကလော့ပ်က ပယ်ချလိုက်ပြီး ကိုယ့်ငွေကိုယ် သိမ်းဆည်းထားကြရန် ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းမှာ လက်ရှိအချိန်တွင် ကစားပုံကောင်းမွန်လာခဲ့ပြီး လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြလျက်ရှိနေသောကြောင့် ဗိုလ်စွဲရန်ရေပန်းစားမှုတွင် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။

‘ဒီအဆင့်သတ်မှတ်ချက်တွေကို ကျွန်တော်နားမလည်နိုင်ပါဘူး။ ကျွန်တော်ဘယ်ကလာတယ်ဆိုတာ ကိုယ့်ဘာသာကိုယ်သိပါတယ်။ ကိုယ့်ပိုက်ဆံကိုယ်သိမ်းထားကြပါ။ ခင်ဗျားတို့အနေနဲ့ တစ်ခုခုသွားမလုပ်ကြပါနဲ့။

လီဗာပူးလ်ဟာ လက်ရှိအချိန်မှာ ပုံစံကောင်းနဲ့ စိတ်ဓာတ်ကောင်းရနေပါတယ်။ အရေးကြီးတဲ့ ဟားလ်စီးတီးနဲ့ပွဲမှာလည်း စွဲမက်ဖွယ်ခြေစွမ်းနဲ့ကစားပြီးအနိုင်ရခဲ့ပါတယ်။

အဲ့လိုမြင်တွေ့ရတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာက တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ အခုမှ လိဂ်ပြိုင်ပွဲစတာ ခြောက်ပွဲပဲရှိပါသေးတယ်။ အရမ်းစောနေပါသေးတယ်။ လက်ရှိအခြေအနေအတွက် ပျော်ပေမယ့် လျှောက်လှမ်းဖို့ ခရီးက အဝေးကြီး ကျန်ပါသေးတယ်’ ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးအဆင့်ကိုရောက်နိုင်သည့်အသင်းက ရှစ်သင်းခန့်ရှိနေသောကြောင့် ပရိသတ်များအတွက် စိတ်ဝင်စားဖွယ်ရာကောင်းသလို အသင်းများအတွက် ဖိအားများလည်းရှိကြောင်း ကလော့ပ်က ပြောဆိုခဲ့သေးသည်။

ရည်ညွှန်း အီအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required