ကန်သံအမတ်ကြီး ကချင် ခရီးစဉ်တွင် စစ်ပြေးဒုုက္ခသည် အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကုုိ တင်ပြခဲ့ဟုဆို

ကန်သံအမတ်ကြီး ကချင် ခရီးစဉ်တွင် စစ်ပြေးဒုုက္ခသည် အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကုုိ တင်ပြခဲ့ဟုဆို
ဓါတ်ပုံ - ဒေါ်နန်ပူ (Facebook)

ချင်းမိုင်၊ စက်တင်ဘာ ၂၇ ။              ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီး Scot Marciel  အား လက်ရှိ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ တင်ပြခဲ့သည်ဟု မြစ်ကြီးနား မြို့မှ ကချင်အဖွဲ့  တစ်ခုဖြစ်သော (Myu sha zin lum)မှ တာဝန်ခံ ဦးဇော်ဂျတ်က ပြောသည်။

သံအမတ်ကြီး Scot Marciel  သည် စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းက လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ကချင်ပြည်နယ် ကချင်လူထု အခြေပြု အဖွဲ့အစည်းများနှင့် Palm spring ဟိုတယ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က အခု လောလောဆယ်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတာတွေ ပြောပြတယ်။ အဲဒါနဲ့ ပတ်သက်လို့ မြို့နဲ့ဝေးတဲ့ နေရာမှာ ရှမ်းနီ ပြည်သူ့စစ်တွေ ပြည်သူလူထုကို မတရား နှိပ်စက်နေတယ်ဆိုတာ ပြောပြ တယ်။  သူကတော့ ဒီလို လူထုကို အနှောက်အယှက်ပေးတဲ့ ပြည်သူ့စစ်အဖွဲ့က မရှိသင့်၊ မရှိထိုက်တဲ့ အဖွဲ့အစည်း တခု ဖြစ်တယ်လို့ မြင်တယ်လို့ ပြောတယ်” ဟု ဦးဇော်ဂျတ်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ ဖားကန့်လမ်း နမ်ယားကျေးရွာတွင် ရှမ်းနီပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး ပစ် သတ်ခံရမှုနှင့် ပတ်သက်၍ ကချင်လူငယ် နှစ်ဦးကို လက်နောက်ပြန် ကြိုးတုတ်၍ ဖမ်းဆီးကာ ရှမ်းနီပြည်သူ့ စစ်တပ်ဖွဲ့က ညှင်းပန်း ရိုက်နှိက်ခဲ့သဖြင့် မောင်ဆိုင်းမွန်းအောင် ဆိုသူမှာ ဆေးရုံတွင် ကုသမှု ခံယူနေရသည်ဟု သူက ပြောသည်။

ကချင်လူထု အခြေပြုအဖွဲ့ အစည်းများက ကချင်စစ်ပြေး ဒုက္ခသည်များ၏ အခက်အခဲများ၊ လက်ရှိ တိုက်ပွဲဖြစ်ပွား နေသ လို၊ ငြိမ်းချမ်းရေး လုပ်ဆောင်နေချိန်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အချိန်မတန်သေးသလို၊ ပဋိပက္ခကို ပိုမိုဖြစ် စေကြောင်း ထွယ်အမျိုးသမီးများနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ၄ နာရီချိန်တွင်  ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ နိုင်ငံရေး ပါတီများ၊ ဘာသာရေး ခေါင်း ဆောင်များ၊ မြို့မိမြို့ဖများနှင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းရှိ မဂျွယ်ခန်းမတွင် တွေ့ဆုံမည် ဖြစ် ပြီး ည နေ  ၆ နာရီခွဲတွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ နှင့် သီးသန့်တွေ့ဆုံမည် ဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်ထိ သုံးရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ အမေရိကန် ပြည်ထောင်စုအနေဖြင့် ကချင်ပြည်နယ်အား အကူအညီပေးနိုင်ရေးနှင့် ကချင် ပြည်နယ် ဒေသခံများ၏ အသံကို နားထောင်သွားမည် ဖြစ်ကြောင်း၊ အမေရိကန် သံအမတ်ကြီးကို သတင်းစကားနှင့် အ ကြံဉာဏ်များ အကြံပြုပေးရန်ကိုလည်း ဖိတ်ခေါ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားသည်။

အမေရီကန် သံအမတ်ကြီးအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့သလို၊ စစ် ပြေးဒုက္ခသည်စခန်းများကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required