အမေရိကန် ဂန္တဝင်ဂေါက်သီးသမား အာနိုးပါလ်မာ အသက် (၈၇) နှစ်တွင် ကွယ်လွန်

အမေရိကန် ဂန္တဝင်ဂေါက်သီးသမား အာနိုးပါလ်မာ အသက် (၈၇) နှစ်တွင် ကွယ်လွန်
(ဓာတ်ပုံ - အီးပီအေ)

ဂန္တဝင်ဂေါက်သီးသမားကြီး တစ်ဦးဖြစ်သူ အာနိုးပါလ်မာဟာ အသက်(၈၇) နှစ်အရွယ်တွင် စက်တင်ဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့က ကွယ်လွန်သွားကြောင်း သိရပါတယ်။

အားကစားလောကမှာ အလွှမ်းမိုးနိုင်ဆုံးနှင့် အထင်ရှားဆုံးသူတွေထဲက တစ်ဦးဖြစ်သူ အာနိုးပါလ်မာဟာ နှလုံးစမ်းသမ်မှုခံယူနေခဲ့တဲ့ ပင်ဆီဗေးနီးယားပြည်နယ် UPMC ဆေးရုံမှာပင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ရှည်လျားလှတဲ့ ကစားသမားဘဝသက်တမ်းအတွင်း အဓိက အောင်မြင်မှု (၇)ကြိမ်အပါအဝင် ကမ္ဘာတစ်ဝှမ်း ပြိုင်ပွဲပေါင်း (၉၀) ကျော် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

အမေရိကန်ဂေါက်သီးအဖွဲ့ချုပ်က အာနိုးပါလ်မာရဲ့ ကွယ်လွန်မှုအား "ဂေါက်သီးလောကရဲ့ အကြီးမြတ်ဆုံး သံတမန်" တစ်ဦးသေဆုံးမှုလို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုးဘားမားကလည်း အိမ်ဖြူတော်ကို အာနိုးပါလ်မာ လာရောက်လည်ပတ်ခဲ့စဉ်က ၎င်းနှင့်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံနှင့်အတူ တွစ်တာမှာ "ဘုရင်တစ်ပါး"လို့ ဂုဏ်ပြုခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required