တရုတ်လေဆိပ်တစ်ခုမှာ စက်ရုပ် 'Anbot' တွေကို ကင်းလှည့်ဖို့ စတင် အသုံးပြု

တရုတ်လေဆိပ်တစ်ခုမှာ စက်ရုပ် 'Anbot' တွေကို ကင်းလှည့်ဖို့ စတင် အသုံးပြု

နိုင်ငံရဲ့ အဝင်အထွက် အများဆုံး လေဆိပ်ထဲက တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကင်းလှည့်ဖို့ စက်ရုပ်တွေကို ထားရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံက ပထမဦးဆုံး အများပြည်သူရှေ့ စက်ရုပ်တွေကို ချပြတာလည်းဖြစ်ပါတယ်။

Anbot လို့ အမည်ရတဲ့ စက်ရုံတွေဟာ ဘဲဥပုံရှိပြီး Star Wars ထဲက 'R2D2' စက်ရုပ် သို့မဟုတ် Doctor Who ထဲက Daleks တို့နဲ့ ဆင်နေကြောင်း People's Daily သတင်းအရ သိရှိရပါတယ်။

Anbot စက်ရုပ်ရဲ့ မျက်နှာပေါ်မှာ ဒီဂျစ်တယ် ဖန်သားပြင်ပါရှိပြီး ခွဲခြမ်းစိတ်ဖြာဖို့အတွက် ခရီးသွားသူများရဲ့ ပုံတွေကု ဖမ်းယူရိုက်ကူးနိုင်တဲ့ 4HD ကင်မရာ ပါရှိပါတယ်။

ဒါ့အပြင် စက်ရုပ်တွေမှာ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ကာကွယ်ရေးလက်နက်ကိုလည်း တပ်ဆင်ထားပါသေးတယ်။

စက်ရုပ်တွေရဲ့ အခန်းကဏ္ဍက လုံခြုံရေးကင်မရာနှင့် ဆင်တူနေပါတယ်။ ဒါပေမယ့် ပိုပြီးကောင်းမွန်တာက စက်ရုပ်တွေဟာ တစ်နာရီကို အမြန်နှုန်း (၁၈) ကီလိုမီတာနဲ့ လျော့လျားနိုင်တာကြောင့် ဖြစ်ပါတယ်။

China.org,cn အရ ၄ ပေ ၉ လက်မရှိပြီး အလေးချိန် ၁၆၅ ပေါင်ရှိတဲ့ စက်ရုပ်တွေဟာ လေယာဉ်ခရီးစဉ် အချက်အလက်တွေနှင့် ပတ်သက်လို့ မေးမြန်းမှုတွေကို ပြန်လည် ဖြေဆိုနိုင်ကြောင်း သိရပါတယ်။

ဒေါ်လာ ၁၅,၀၀၀ ဈေးနှုန်းရှိတဲ့ စက်ရုပ်တွေဟာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ၊ လက်နက်တွေနှင့် မူးယစ်းဆေးဝါးတွေကိုလည်း ရှာဖွေနိုင်ပါတယ်။

အဆိုပါ AnBot စက်ရုပ်ကို ရှန်ကျန်းပြည်သူ့လုံခြုံရေးဗျူရို၊ အမျိုးသား ကာကွယ်ရေးနည်းပညာတက္ကသိုလ်နှင့် ပြည်တွင်း နည်းပညာကုမ္ပဏီတစ်ခုတို့က တီထွင်ခဲ့တာဖြစ်ပါတယ်။

© EFE_EPA, Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required