ဗဲလ်နိုအသင်းကို နိုင်ပြီး ဥရောပ ခြေစမ်းခရီးစဉ်မှာ ပထမဆုံး နိုင်ပွဲ စတင်ရရှိတဲ့ မြန်မာအသင်း

ဗဲလ်နိုအသင်းကို နိုင်ပြီး ဥရောပ ခြေစမ်းခရီးစဉ်မှာ ပထမဆုံး နိုင်ပွဲ စတင်ရရှိတဲ့ မြန်မာအသင်း
(ဓာတ်ပုံ - MFF)

စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက မြန်မာ့ လက်ရွေးစင်အသင်းနှင့် VVV ဗဲလ်နိုအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားကြရာ မြန်မာ့လက်ရွေးစင်အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်းက နယ်သာလန်၊ ဒုတိယတန်းကလပ် ဗဲလ်နိုင်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့တာဖြစ်ပြီး မြန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၄၅) မိနစ်တွင် တိုက်စစ်မှူး အောင်သူမှ သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဥရောပမှာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေတဲ့ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းအနေဟာ ပထမဆုံး နိုင်ပွဲ စတင်ရရှိခဲ့ခြင်းလဲဖြစ်ပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ဂျာမနီနိုင်ငံမှာ နေထိုင်ပြီး ယခုပွဲအပါအအဝင် ခြေစမ်းပွဲ (၄)ပွဲ ကစားထားရမှာ တစ်ပွဲနိုင်၊  နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးရလဒ် ရရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required