ဟင်လာရီကလင်တန်ကို မဲပေးသွားမယ်လို့ ပြောကြားလာတဲ့ ကင်ကာဒစ်ရှန်

ဟင်လာရီကလင်တန်ကို မဲပေးသွားမယ်လို့ ပြောကြားလာတဲ့ ကင်ကာဒစ်ရှန်

နယူးယော့ခ် ၊ စက်တင်ဘာ ၂၆ ။               ။ ရုပ်မြင်သံကြား အကျော်အမော် ကင်ကာဒစ်ရှန်သည် မကြာမီ ကျင်းပပြုလုပ်တော့မည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဟင်လာရီကလင်တန်ကို မဲပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 Wonderland  မဂ္ဂဇင်း နှင့်ပြုလုပ်သော တွေ့ဆုံ မေးမြန်းမှုတွင် ကင်ကာဒစ်ရှန်ကို ရွေးကောက်ပွဲတွင် ဘယ်သူကို မဲပေးမလဲဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာ ကင်ကာဒစ်ရှန်က ဟင်လာရီကလင်တန်ကို မဲပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း  Evening Standard သတင်းစာတွင် ဖော်ပြထားသည်။

“ ဟင်လာရီကလင်တန်ဟာ ကျွန်မတို့ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုသူ တစ်ဦးဖြစ်တယ်လို့ ကျွန်မယုံကြည်တယ်။  ဟင်လာရီဟာ သမ္မတဖြစ်ဖို့ အရည်ချင်းရှိဆုံးသူ တစ်ဦဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်မ သူ့ကို မဲပေးဖို့ ရွေးချယ်ထားတယ်။” ဟု ကင်ကာဒစ်ရှန်က ပြောကြားခဲ့သည်။

“ကျွန်မက  နိုင်ငံရေး နဲ့  ဘာသာရေး ယုံကြည့်မှုတွေအပေါ် အခြေခံတဲ့ သူတွေကို ဘယ်တော့မှ ဆုံဖြတ်ပေးမှာ မဟုတ်ပါဘူး။ သမ္မတလောင်းနှစ်ဦးဟာ အမေရိကန် ပြည်သူတွေအတွက် လုံခြုံပြီး ခိုင်မာမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့  လုပ်ဆောင်လိုတဲ့ သူတွေလို့  ကျွန်မယုံကြည်ထားတယ်။ သူတို့မှာ လုံခြုံပြီး ခိုင်မာမှုရှိတဲ့ နိုင်ငံဖြစ်လာဖို့ ဘယ်လိုလုပ်ဆောင် သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ မတူညီတဲ့ အယူအဆတွေရှိကြတယ်”ဟု ကင်ကာဒစ်ရှန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly