မင်းသားဝီလျံနဲ့ ကိတ်မစ်ဒဲလ်တန်တို့ မိသားစု ကနေဒါသို့ ပထမဆုံးအကြိမ် သွားရောက်

မင်းသားဝီလျံနဲ့ ကိတ်မစ်ဒဲလ်တန်တို့ မိသားစု ကနေဒါသို့ ပထမဆုံးအကြိမ် သွားရောက်

လန်ဒန် ၊ စက်တင်ဘာ ၂၆ ။                     ။ ဗြိတိန် မင်းသား ဝီလျံ နှင့် ကမ်းဘရိတ်ဒ်မြို့စားကတော် ကိတ်မစ်ဒဲလ်တန်တို့သည် ၎င်းတို့၏ သားသမီးများဖြစ်သော မင်းသား ဂျော့ နှင့် မင်းသမီး ချာလော့တီတို့ကို ခေါ်ဆောင်ကာ ယခု သီတင်းပတ်ကုန်က ကနေဒါသို့  ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

မင်းသားဝီလျံတို့ မိသားစုကို ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရီဒိုး နှင့် ဇနီးဖြစ်သူ ဆိုဖီဂရီဂွါတို့က ကြိုဆိုခဲ့ကြပြီး စက်တင်ဘာ၂၄ နှင့် ၂၅ ရက်တို့က  မင်းသားဝီလျံတို့ မိသားစုသည် ဗစ်တိုရီးယား နှင့် ဗန်ကူဗာမြို့တို့တွင်  နေထိုင်ခဲ့ကြသည်။

မင်းသားဝီလျံတို့ မိသားစုသည် ကနေဒါနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အလုပ်သမားများ နှင့် ထိခိုက်လွယ်သော မိခင်များ မူယစ်ဆေးစွဲခြင်းမှ ကျော်လွှားနိုင်ရေးအတွက် ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေသော Sheway အဖွဲ့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ခရီးစဉ်အတွင်း မကြာသေးမီက ရီအိုအိုလံပစ် အားကစားပြိုင်ပွဲမှ ပြန်ရောက်လာသော မသန်စွမ်း ကစားသမားများ နှင့် အိုလံပစ်ကစားသမားများ  ၊ ဆီရီးယား ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရီဒိုး ရွေးကောက်ခံရပြီး နောက်ပိုင်း ကနေဒါနိုင်ငံတွင် ဆီးရီးယား ဒုက္ခသည် ၃၀ ၀၀၀ ကျော်အထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly