ဖိလစ်ပိုင်၌ ကိုယ်ဝန်သည်တစ်ဦး ပထမဆုံး ဇီကာပိုး ကူးစက်

ဖိလစ်ပိုင်၌ ကိုယ်ဝန်သည်တစ်ဦး ပထမဆုံး ဇီကာပိုး ကူးစက်

မနီလာ၊ စက်တင်ဘာ ၂၆ ။                ။ ဖိလစ်ပိုင်နိုင်ငံတွင် ကိုယ်ဝန်သည်တစ်ဦး ပထမဆုံး ဇီကာပိုးကူးစက်ခံရမှု တွေ့ရှိပြီး မွေးဖွားလာမည့်ကလေးငယ်အတွက် စိုးရိမ်မှု ရှိနေရကာ အာဏာပိုင် များက ပြည်သူများအား ခြင်အန္တရာယ်ကင်းဝေးအောင် နေကြရန် သတိပေးထားသည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း ယခုလတွင် ဇီကာဖြစ်ပွားသူ ၁၂ ဦးရှိကြောင်း၊ ကိုယ်ဝန်သီတင်းပတ် ၁၉ ပတ်ရှိ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံ ဇီကာပိုးကူးစက်ခံရသည်ကိုလည်း တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီး အူဘီအယ်က ပြောသည်။

“လက်ရှိ ဓာတ်မှန်ရိုက်စစ်ဆေးမှုအရတော့ ကလေးအပေါ် ကြီးကြီးမားမား သက်ရောက်တာမျိုး မတွေ့ရဘူး။ ဒီကိုယ်ဝန်သည်အမျိုးသမီးကို ကိုယ်ဝန်ဆောင်ထားတဲ့ တစ်လျှောက် ပုံမှန်စောင့်ကြည့် စစ်ဆေးသွားမှာဖြစ်တယ်။”ဟု ကျန်းမာရေးဌာနက ပြောသည်။

ဇီကာကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်များတွင် ဦးခေါင်းသေးငယ်သော ကလေးငယ်များ မွေးဖွားပြီး ဦးနှောက်ပုံမမှန်ခြင်းများ ဖြစ်ပွားတတ်သည်။

နိုင်ငံတွင် ဇီကာကူးစက်ခံရသူ ၁၂ ဦးတွင် ရှစ်ဦးက အသက် ကိုးနှစ်မှ ၅၅ ကြား အမျိုးသမီးများဖြစ်ကြောင်း ယင်းဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required