အိုင်ဗန်နိုဗစ်ချ်နှင့် ကာဟေးလ်တို့ကို အသင်းမှ ထုတ်ပယ်ရန် ချယ်လ်ဆီးနည်းပြကွန်တီအလိုရှိနေဟု သတင်းများထွက်ပေါ်

အိုင်ဗန်နိုဗစ်ချ်နှင့် ကာဟေးလ်တို့ကို အသင်းမှ ထုတ်ပယ်ရန် ချယ်လ်ဆီးနည်းပြကွန်တီအလိုရှိနေဟု သတင်းများထွက်ပေါ်

စက်တင်ဘာ ၂၆၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက အိုင်ဗန်နိုဗစ်ချ်နှင့်ဂယ်ရီကာဟေးလ်တို့ကို အသင်း၏လူစာရင်းမှ ထုတ်ပယ်လိုနေပြီး နောက်ခံကစားသမားသစ် သုံးဦးခန့် ခေါ်ယူလိုနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

အာဆင်နယ်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ကာဟေးလ်၏ အမှားကြောင့် ပထမဂိုးကိုခွင့်ပြုပေးခဲ့ရသလို အိုင်ဗန်နိုဗစ်ချ်မှာလည်း အာဆင်နယ်လူငယ်ကစားသမား အိုင်ဝိုဘီကို မထိန်းနိုင်ခဲ့ဘဲ ခြေစွမ်းပျက်နေခဲ့သည်။

ထို့ကြောင့် ကွန်တီမှာ လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် နောက်ခံအတွင်းလူနှစ်ဦးနှင့် နောက်ခံအစွန်ကစားသမားတစ်ဦး ဝယ်ယူလိုလျက်ရှိသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ရာသီအစက နောက်ခံလူများဖြစ်သော ဒေးဗစ်လူးဝစ္စနှင့် မားကို့စ်အလွန်ဆိုတို့ကို ဝယ်ယူထားသော်လည်း ခံစစ်ကစားသမားသစ် ထပ်ခေါ်လိုနေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဘန်လေနောက်ခံကစားသမား မိုက်ကယ်ကိန်းနှင့် မစ်ဒယ်ဘရော့ နောက်ခံလူ ဘန်ဂစ်ဆင်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းသတင်းများထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags