အာဆင်နယ်ကို ရှုံးပြီးနောက် အိပ်လို့ပင် မပျော်ခဲ့ဟု ချယ်လ်ဆီးနည်းပြ ကွန်တီ ဖွင့်ဟ

အာဆင်နယ်ကို ရှုံးပြီးနောက် အိပ်လို့ပင် မပျော်ခဲ့ဟု ချယ်လ်ဆီးနည်းပြ ကွန်တီ ဖွင့်ဟ

စက်တင်ဘာ ၂၆၊ လန်ဒန် ။                 ။ အာဆင်နယ်ကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက်တွင် အိပ်၍ပင်မပျော်ဟု ချယ်လ်ဆီးနည်းပြကွန်တီက ဖွင့်ဟပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိလိုပါက ယခုခြေစွမ်းထက်များစွာတိုးတက်လာရန်လိုအပ်ကြောင်းလည်း ကွန်တီက ယုံကြည်နေသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက အဆင့် ၁၀ နေရာတွင်သာ ရပ်တည်ခဲ့သောကြောင့် အသင်းပိုင်ရှင်အေဗရာမိုဗစ်ချ်က ကွန်တီကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့ စွမ်းဆောင်ပေးရန် ညွှန်ကြားထားသည်။

‘ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ကိုရောက်ချင်တယ်။ အမှတ်ပေးဇယားအလယ်မှာ မနေချင်ဘူးဆိုရင် အခုထက်အများကြီးတိုးတက်လာဖို့လိုပါတယ်။ အာဆင်နယ်ကိုရှုံးပြီးနောက်မှာ ကျွန်တော်နှစ်ညလောက် အိပ်လို့မပျော်ခဲ့ပါဘူး။ အိပ်မပျော်လို့ ပြန်ပြီး သုံးသပ်ကြည့်ပါတယ်။ အသင်းကို ပြန်သုံးသပ်တာကလည်း အရေးကြီးပါတယ်။

မကြာခင်အချိန်အတွင်းမှာ အဖြေရအောင်ရှာမှာပါ။ သိပ်မကြာခင်အချိန်လေးအတွင်းမှာပါ။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော့်အသင်းရဲ့ကစားပုံက အလွန်ဆိုးရွားခဲ့ပါတယ်’ ဟု ကွန်တီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required