တရုတ်က ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို ဖွင့်လှစ်

တရုတ်က ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို ဖွင့်လှစ်
တရုတ်နိုင်ငံ အနောက်တောင်ဘက် Guizhou ပြည်နယ်၊ ပင်တန်ခရိုင်မှာ ဆောက်လုပ်ဆဲ (၅၀၀) မီတာ (၁,၆၄၀ ပေ)ရှိ အလင်းဆုံ ရေဒီယို တယ်လီစကုပ် (FAST) (Aperture Spherical radio Telescope) ကို မေလ (၇) ရက်နေ့က မြင်ကွင်း။ (ဓာတ်ပုံ - အီးပီအေ)

တရုတ်နိုင်ငံက ဘောလုံးကွင်း ၃၀ စာနှင့် ညီမျှတဲ့ အချင်း အကျယ် မီတာ ၅၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို တနင်္ဂနွေနေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီး ၎င်းက စကြာဝဠာအတွင်းရှိ နက်နဲတဲ့ အရာတွေကို ဖော်ထုတ်ဖို့ အကူအညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။

အလင်းဆုံ ရေဒီယို တယ်လီစကုပ် (FAST) (Aperture Spherical radio Telescope) ဆောက်လုပ်မှုကို တရုတ်နိုင်ငံ အနောက်တောင်ဘက် ဂူဇောင်းပြည်နယ်၊ ပင်တန်ခရိုင်မှာ ၂၀၁၁ ခုနှစ်က စတင်ခဲ့ပြီး ဇူလိုင်လက ပြီးစီးခဲ့ပါတယ်။

ဘောလုံးကွင်း (၃၀) စာနှင့်ညီမျှပြီး ရောင်ပြန် အချပ်ပြား (panels) ၄,၄၅၀ ဖြင့် ပြုလုပ်ထားတဲ့ တယ်လီစကုပ် (FAST) ဟာ
၁၉၆၃ ခုနှစ်နောက်ပိုင်း အကြီးဆုံးဖြစ်တဲ့ Puerto Rico ရှိ အချင်း ၃၀၅ မီတာ (၁,၀၀၀ ပေ) ရှိ Aricebo Observatory တယ်ီစကုပ်ကို စံချိန်တင် ကျော်ဖြတ်သွားတာလည်းဖြစ်ပါတယ်။

ဒေါ်လာ (၁၈၀) သန်းကုန်ကျတဲ့ ငါးနှစ်စီမံကိန်းကြောင့် နေထိုင်သူ (၉,၀၀၀) ကို နေရာပြောင်းရွှေ့ခိုင်းရပါတယ်။ အဆိုပါဒေအတွင်း ကျန်ရစ်သူများဟာ FAST ရဲ့ လုပ်ငန်းများကို နှောက့်ယှက်မှု မလုပ်နိုင်ရန် ၎င်းတို့ရဲ့ ဆက်သွယ်ရေး ကိရိယားများ အသုံးပြုမှုကု ကန့်သတ်ရန်ရှိပါတယ်။

တယ်လီစကုပ် (FAST)ဟာ  အာကာသအား စူးစမ်းလေ့လာခြင်းနှင့် ဂြိုလ်သားများကို ရှာဖွေခြင်းများတွင် အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly