ကျုဘားနှင့် ဆက်ဆံရေးသစ် တရုတ် နိုင်ငံ ပြန်လည်ထူထောင်

ကျုဘားနှင့် ဆက်ဆံရေးသစ် တရုတ် နိုင်ငံ ပြန်လည်ထူထောင်

ပေကျင်း၊ စက်တင်ဘာ ၂၅ ။         ။ အမေရိက၏ ကွန်မြူနစ်နိုင်ငံဖြစ်သော ကျုဘားသို့ သမိုင်းတင်အလည်အပတ်ရောက်ရှိသည့် တရုတ်ဝန်ကြီးချုပ် လီကာ့ကျန်က ကျုဘားနှင့် ဆက်ဆံရေးသစ် ထူထောင်ရန် အချိန်ဖြစ်ကြောင်း ပြောသည်။

 နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း တရုတ်ဝန်ကြီးချုပ်တစ်ဦး ကျုဘားသို့ ပထမဆုံးရောက်ရှိသည့် ခရီးစဉ်လည်းဖြစ်သည်။

 လီကာ့ကျန်အား ကျုဘားဒုတိယသမ္မတ မီဂူအယ်ဒိဇ်ကာနယ်က ကြိုဆိုခဲ့သည်။ လီကာ့ကျန်က နှစ်နိုင်ငံ ဆက်ဆံရေးသစ် ထူထောင်သွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း ကျုဘားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

 စစ်အေးကာလပြီးစီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း ကျုဘားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေး အဓိကမဟာမိတ်အဖြစ် ဗင်နီဇွဲလားနိုင်ငံသာ ကျန်ရှိကာ အထီးကျန်တစ်နိုင်ငံဖြစ်ခဲ့သည်။

 ကျုဘားနိုင်ငံအနေဖြင့် ရေရှည်ရန်ဖက်ဖြစ်ခဲ့သည့် အမေရိကန်နှင့်လည်း သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်တည်ဆောက်ထားနိုင်ပြီဖြစ်သည်။

 တရုတ်နိုင်ငံသည် ကျုဘားအတွက် အကြီးဆုံး ကြွေးမြီချေးသည့် နိုင်ငံလည်းဖြစ်ကာ ဗင်နီဇွဲလားပြီးလျှင် ဒုတိယမြောက် ကုန်သွယ်နိုင်ငံလည်းဖြစ်သည်။ နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ ရှိခဲ့ကြောင်း တရုတ်သတင်းရင်းမြစ်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required