အိုဘားမားက ပထမဆုံး လူမည်းသမိုင်းပြတိုက် ဖွင့်လှစ်

အိုဘားမားက ပထမဆုံး လူမည်းသမိုင်းပြတိုက် ဖွင့်လှစ်

နယူးယောက်၊ စက်တင်ဘာ ၂၅ ။          ။ အမေရိကန်နိုင်ငံ၏ ပထမဆုံးလူမည်းသမ္မတ အိုဘားမားက ပထမဆုံး လူမည်းသမိုင်းပြတိုက်အား ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်ခဲ့သည်။

အမေရိကန်ဒေါ်လာ သန်း ၅၄၀ ကုန်ကျသည့် ယင်းပြတိုက်က လွတ်လပ်မှုသို့ ရှေးရှုခဲ့သည့် ခရီးအား ကိုယ်စားပြုသည့် ပြတိုက်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။

ဝါရှင်တန်ရှိ National Mall တွင် ရှိသည့် ပြတိုက်အဆောက်အအုံကို ဗြိတိသျှဗိသုကာ ပညာရှင် ဒေးဗစ်အက်ဂျာရီက ဒီဇိုင်းဆွဲ တည်ဆောက်ထားသည်။

ယင်းပြတိုက်အား ယခင်သမ္မတဟောင်း ဂျော့ဘုရှ်လက်ထက် ၂၀၀၃ ခုနှစ်အတွင်း တည်ဆောက်ရေး ခွင့်ပြုထားခဲ့ခြင်းဖြစ်ကာ အိုဘားမားက ဆက်လက်အကောင်အထည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် အိုဘားမားက လူမည်းအသိုက်အဝန်းအနေဖြင့် ပြတိုက်အား လာရောက်ကာ အသိုက်အဝန်း၏ စွမ်းဆောင်ရည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

“ဒီနေ့အဖြစ်အပျက်ကြောင့် အမေရိကန်ဟာ အလုံးစုံပြည့်စုံတယ်လို့ ပြောလို့မရပေမယ့် နိုင်ငံဟာ ပြည်သူတွေရဲ့ ပြောင်းလဲမှု၊ တော်လှန်မှုတွေနဲ့ အတူ တည်ဆောက်ပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံဆိုတာကိုတော့ ပြသနိုင်ပါတယ်။”ဟု အိုဘားမားက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly