အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်း လွှတ်တော်အတည်ပြု

အရေးပေါ်စီမံချက်အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်း လွှတ်တော်အတည်ပြု

ဥပဒေသက်တမ်း ၆၆ နှစ်ရှိ အရေးပေါ်စီမံချက်အက်ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို စက်တင်ဘာ ၂၃ ရက် လွှွတ်တော်၌ အတည်ပြုကြောင်း နိုင်ငံပိုင်သတင်းတွင် စက်တင်ဘာ ၂၄ ရက်က ဖော်ပြသည်။

 နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားချိန် ၁၉၅၀ ခုနှစ်ကစတင် အရေးပေါ်စီမံချက်အက်ဥပဒေအား ပြဌာန်းခဲ့ခြင်းဖြစ်သည်။

 ဥပဒေအား စစ်ရေးရည်ရွယ်ချက်အတွက် ပြဌာန်းခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးနယ်ပယ်တွင် ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။ ထိုပြင် အဆိုပါ ဥပဒေက နိုင်ငံသားများ၏ မူလအခွင့်အရေးကို ချိုးဖောက်နေကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောသည်။

 အရေးပေါ်စီမံချက်အက်ဥပဒေအား ပြင်ဆင်ချက်ဥပဒေကြမ်းကို အဆိုပါကော်မတီက သြဂုတ်လအတွင်း လွှတ်တော်တို့ တင်ပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required