အမေရိကန် ရှော့ပင်းမောလ်ပစ်ခတ်မှု တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ

အမေရိကန် ရှော့ပင်းမောလ်ပစ်ခတ်မှု တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၅ ။        ။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်တွင် ဖြစ်ပွားသော လူ ငါးဦး သေဆုံးခဲ့သည့် ရှော့ပင်းမောလ်တိုက်ခိုက်မှု၌ သံသယရှိသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက ပြောသည်။

 “ဒီညမှာပဲ အာဏာပိုင်တွေက သေနတ်သမားကို ဖမ်းမိတာပါ။”ဟု ဝါရှင်တန်ပြည်နယ်ရဲတပ်ဖွဲ့ပြောခွင့်ရသူ မတ်ဖရန့်စစ်က တွစ်တာတွင် ရေးသားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် နောက်ထပ်ပါဝင်ကျုးလွန်သူများ ရှိမရှိ မသိရသေးပေ။

 စက်တင်ဘာ ၂၃ ရက် နှောင်းပိုင်းက ရိုင်ဖယ်တစ်လက်ဖြင့် ယင်းသေနတ်သမားက ရှော့ပင်းမောလ်အတွင်း ပစ်ခတ်မှု ကျုးလွန်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း ရဲဌာနအရ သိရသည်။

 ယခုပစ်ခတ်မှုက အစွန်းရောက်အကြမ်းဖက်မှုနှင့် ပတ်သက်မှုရှိသည့် သက်သေအထောက်အထားမတွေ့ရကြောင်း ဆီယက်တယ်လ်ရှိ FBI ရုံးက ထုတ်ပြန်သည်။

 ပစ်ခတ်သူသည် လက်တင်အမေရိကနိုင်ငံသားတစ်ဦးဖြစ်ပြီး ဆယ်ကျော်သက် နှစ်ဆယ်ဝန်းကျင် အရွယ်သာရှိသည်။

 “သူ ဒီလိုကျုးလွန်တာ ဘယ်လိုစေ့ဆော်မှုတွေကြောင့်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး စုံစမ်းစစ်ဆေးမှုတွေနဲ့ ဒါကို ဖော်ထုတ်နိုင်မယ်ဆိုတာ သေချာပြေနိုင်ပါတယ်။”ဟု ရဲတာဝန်ရှိသူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required