နိုင်ငံရေးပါတီများတွင် လူငယ်များ ပါဝင်ရန် စည်းရုံးရာ၌ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေဟု တ. စ . ည ပါတီ ပြော

နိုင်ငံရေးပါတီများတွင် လူငယ်များ ပါဝင်ရန် စည်းရုံးရာ၌ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေဟု တ. စ . ည ပါတီ ပြော

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ။           ။ နိုင်ငံရေးပါတီများအပေါ် ယနေ့ ခတ်လူငယ်များ စိတ်ဝင်စားမှု နှင့် ပါဝင်မှု နည်းပါးလာသည့် အတွက် နိုင်ငံရေးပါတီများ အတွင်း လူငယ်များပါဝင်လာအောင် စည်းရုံးရာတွင် အကြီးမားဆုံးစိန်ခေါ်မှု တစ်ခုဖြစ်နေကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက ပြောသည်။

" ခုက ဟိုပါတီကလူငယ်၊ ဒီပါတီ က လူငယ် ဒီလိုဖြစ်တဲ့ အခါကျ တော့ ဒီမိုကရေစီ အခြေခံ စနစ်ကို ဆန့်ကျင်လာတာ လားတော့ မပြော တတ်ဘူး။ လူငယ်တွေအတွင်းမှာပဲ ဒီလိုကွဲပြား မှုတွေ ရှိလာတယ်။ ဒါတွေက လူငယ်တွေ စုစည်း ညီ ညွှတ် မှုအား နည်းသွားမလား။ ဒါလည်း အန်ကယ်တို့ ကြည့်နေပါ တယ်။ လက်ရှိ အန်ကယ်တို့ ပါတီအနေနဲ့က လူငယ် စည်းလုံးရေး လုပ်တဲ့ အခါမှာ အခြေခံလုပ်ငန်းစဉ် ၃ ရပ်နဲ့ လုပ် ဆောင် နေပါတယ် "ဟု ၎င်းကပြော သည်။

စက်တင်ဘာ ၂၄ ရက်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (၂၈) နှစ်မြောက် အထိမ်းအမှတ်ပွဲ အ ခမ်းအနားတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ လူငယ်များကို စည်းရုံးရာတွင် အဓိက အခြေခံ လုပ်ငန်းစဉ် ၃ ရပ်ဖြစ်သည့် (၁) ဗဟိုဌာနချုပ်နှင့် ပြည်နယ်နှင့် တိုင်းများတွင် လူငယ်များကို လေ့ကျင့် ပျိုးထောင်ပေးခြင်း၊ (၂) အရပ် ဖက်အဖွဲ့အစည်းများဖြစ်သည့် NGO, CSO အဖွဲ့အစည်းများက ကျင်းပသည့် ဆွေးနွေးပွဲများတွင် လူငယ်များကို အဓိက စေလွှတ်၍ ခေါင်းဆောင်မှု အရည်အသွေး   မြင့်မား လာအောင် လေ့ကျင့်ပေးခြင်းနှင့် (၃) နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖိတ်ကြားလာသော အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲများ တွင် ပါတီကိုယ်စားပြုအနေဖြင့် လူငယ်များကို ဦးစားပေးစေလွှတ်   ပေးခြင်း စသည့်တို့ကို လုပ်ဆောင်လျက်ရှိကြောင်းလည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဦးထွန်းရီက ပြောသည်။

"လေ့ကျင့်ထားတဲ့ လူငယ်တွေကို တတ်နိုင်သ၍ ပြီးခဲ့တဲ့ လွှတ်တော်က စပြီးတော့ အောက်ခြေမှာ လွှတ်တော် ကိုယ်စား လှယ်တွေ ရွေးတဲ့ နေရာမှာ လူငယ်တွေကို အဓိက ဦးစားပေးဖို့ လမ်းညွှန်ခဲ့ ပါတယ်။ ဒါပေမယ့် မျှော်မှန်းသလောက် ဖြစ် မလာပါဘူး။ လူငယ်ဆိုတာက အသက်ငယ်တဲ့ သူတွေပဲ ဆွဲပြီးတော့ တန်းသုံးလို့ မရပါဘူး။ လက်တွေ့အပိုင်းမှာ ကျွန်တော် တို့ပါတီက   လေ့ကျင့်   ပေးလိုက်တဲ့ လူငယ်တွေကို ပွင့်ပွင့် လင်းလင်းပြောရင် ကျွန်တော်တို့လူကြီးတွေက သက် တမ်းကုန်နေပြီ လူငယ်တွေကို ခုတုံးလုပ်စရာ အမြတ် ထုတ်စရာ မရှိဘူး။ ဒီလေ့ကျင့်ထားတဲ့ လူငယ်တွေကပဲ တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ ခေါင်းဆောင်တွေ ဖြစ်လာ မှာပါ "ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီတွင် ပါတီအဖွဲ့ဝင် ၅သိန်းခန့်ရှိပြီး ပါတီအနေဖြင့် လာမည့် အောက်တိုဘာလ ၂ဝ ရက်နေ့ တွင် ၄ ကြိမ်မြောက် ပါတီဗဟိုကော်မတီ အစည်းအဝေး   ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required