ဆေးလိပ်ဖြတ်ပြီး နောက်ပိုင်း အသံပိုမို ဆိုးရွာလာသည်ဟု ထင်မိကြောင်း အဒဲလ်ပြော

ဆေးလိပ်ဖြတ်ပြီး နောက်ပိုင်း အသံပိုမို ဆိုးရွာလာသည်ဟု ထင်မိကြောင်း အဒဲလ်ပြော

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၄ ။                ။ ကမ္ဘာကျော် တေးသံရှင် အဒဲလ်က ဆေးလိပ်ဖြတ်ပြီးနောက် မိမိ၏အသံသည် ပိုမိုဆိုးရွာလာသည်ဟု ထင်မြင်မိကြောင်း ပြောကြားခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ အဒဲလ်သည် လွန်ခဲ့သည့်ငါးနှစ် ၂၀၁၁ ခုနှစ်က အသံအိုး သွေးမတိတ်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဆေးလိပ်ဖြတ်ခဲ့သည်။

အဒဲလ်က ဆေးလိပ်ဖြတ်လိုက်ခြင်းက မိမိ၏ အသံပိုင်းဆိုင်ရာကို အမှန်တစ်ကယ် ဆိုးရွားစေခဲ့ကြောင်း ကနေဒါဖျော်ဖြေရေး အစီစဉ်တွင် ပြောကြားခဲ့သည်ဟု  Metro သတင်းဌာနာ ပြောကြားသည်။

“ အသံကောင်းတဲ့ သူတွေဟာ အမြဲလိုလို ဆေးလိပ်သောက်ကြတယ်။ ကျွန်မ ဆေးလိပ်ဖြတ်ခဲ့တယ်။ ဆေးလိပ်ဖြတ်ခြင်းက ကျွန်မရဲ့အသံအားကောင်းမှုကို ယုတ်လျော့စေတယ်လို့  ကျွန်မထင်မြင် လာမိတယ် ”ဟု အဒဲလ်က ပြောကြားသည်။

လူတွေက ကျွန်မဘေးနားမှာ ဆေးလိပ်လာ သောက်တဲ့အခါ ကျွန်မ ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာကြောင်း အဲဒဲလ်က ပြောကြားသည်။  အဒဲလ်သည် ယခင်က တစ်နေ့လျှင် စီးကရက် ၂၅ လိပ်သောက်ခဲ့သူဖြစ်ပြီး အသံအိုး သွေးမတိတ်ခြင်းကြောင့်  ခွဲစိတ်မှုခံယူခဲ့ပြီး ဆေးလိပ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required