အိန္ဒိယခရီးသည်တင်လေယာဉ်ပေါ် ဆမ်းဆောင်း Note 2 ဖုန်းမှ မီးခိုးများ ထွက်လာ၍ အရေးပေါ် ငြိှမ်းသတ်

အိန္ဒိယခရီးသည်တင်လေယာဉ်ပေါ် ဆမ်းဆောင်း Note 2 ဖုန်းမှ မီးခိုးများ ထွက်လာ၍ အရေးပေါ် ငြိှမ်းသတ်

နယူးဒေလီ၊ စက်တင်ဘာ ၂၄ ။             ။ အိန္ဒိယခရီးသည်တင်လေယာဉ်တစ်စီးပေါ် ဆမ်းဆောင်းဖုန်းတစ်လုံးမှ မီးခိုးများ အူထွက်လာ၍ လေယာဉ်အမှုထမ်းများက မီးသတ်ဘူးဖြင့် အရေးပေါ် ငြှိမ်းသတ်ရသည်။

Note 2 ဆမ်းဆောင်းဖုန်းမှ တငွေ့ငွေ့ဖြင့် မီးခိုးများ အူထွက်လာခြင်းဖြစ်ကြောင်း IndiGo လေကြောင်းလိုင်းက ထုတ်ပြန်သည်။

လေယာဉ်အမှုထမ်းများက ချက်ချင်းအမြန်ဖြေရှင်းလိုက်နိုင်ခြင်းကြောင်း အဆိုပါလေယာဉ်သည် ဦးတည်ရာလေဆိပ်ဖြစ်သော ချန်နိုင်းသို့ ဘေးကင်းလုံခြုံစွာ ဆင်းသက်လိုက်နိုင်ကြောင်း IndiGo က ပြောသည်။

စင်ကာပူမှ ပျံသန်းလာသည့် လေယာဉ်တွင် ယင်းမတော်တမှု ဖြစ်ပွားခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း IndoGo က ပြောသည်။

ခရီးသည်များက ပစ္စည်းတင်ရာ နေရာမှ မီးခိုးများ အူထွက်နေကြောင်း လေယာဉ်အမှုထမ်းများကို ပြော၍ ရှာဖွေရာမှ လက်ဆွဲအိတ်တစ်အိတ်အတွင်း မီးခိုးများ အူထွက်နေသည့် ဖုန်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags