ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းမှာ နည်းနေသေး

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းမှာ နည်းနေသေး

ရန်ကုန်၊ စက်တင်ဘာလ ၂၃ ။                ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လက်ရှိအချိန်ထိ အမျိုးသမီးပါဝင်မှုပိုင်းရာခိုင်နှုန်းမှာ အားနည်းနေ သေးကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး ဒေါ်ဂျူလီယာ မာရစ်(ပ်) က မီဒီယာများသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၃ရက်၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပသော အပြည်ပြည် ဆိုင် ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စတင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တစ်ချိန်တည်းမှာ အားကောင်းလာမှုအပိုင်းတွေရှိသလို တစ်ချိန်တည်းမှာပဲ အထူးသဖြင့်   မြောက်ဖျားပိုင်းပေါ့နော် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာတွေရှိတယ်။ ဒီငြိမ်းချမ်းရေးမှာ အမျိုးသမီးပါဝင်အခန်းကဏ္ဍကတော့ အရမ်းကို အားနည်း နေေသေးပါတယ် "ဟု ၎င်းက ဆိုသည်။

(၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှု ၁ဝရာခိုင်နှုန်းခန့်မှာ အမျိုုးသမီး ကိုယ်စားပြုမှု အနေဖြင့် ရှိသော်လည်း ထိုရာခိုင်နှုန်းတွင် နည်းပညာအထောက်အကူပြုသူများ နှင့် လေ့လာသူ များ အနေဖြင့် ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ညီလာခံအစည်းအဝေးတွင် အမျိုးသမီးကိုယ်စားပြု သူများ သာလျှင် လက်ရှိဖြစ်နေသော အမျိုးသမီး များ၏ အနေအထားနှင့်အောက်ခြေ ပြည်သူလူထု၏ လိုအပ်ချက်များ ကို ပါဝင် ဆွေးနွေးခွင့် ရှိသည့်အတွက် အဓိက အမျိုးသမီးကိုယ်စားပြုသူများမှာ အလွန်နည်းကြောင်း ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်ခွင့်နှင့် ပတ်သတ်ပြီး အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ကျောင်းသူ တစ် ဦး ဖြစ်သည့် မပြုံးမာလွင်က "ကျွန်မ တို့ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ အခုကျောင်းတက်ပြီးတော့ လေ့လာတွေ့ရှိချက်က သူများနိုင်ငံမှာလည်း အမျိုးသမီးရေးကို အများကြီး ကြိုးစားနေရတာကို တွေ့ရှိရပါတယ်။ ဗီဒီယိုဖိုင်လေးတွေ ပြန်ကြည့် တော့ သတိလေးတစ်ခုရသွားတာပေါ့နော်။ သူတို့နေရာမှာလည်း အဲ့လောက် ကြိုးစားရတဲ့ အတွက် ကျွန်မတို့လည်းသူ တို့ နည်းတူ ပိုပြီးကြိုးစားရမှာပေါ့။ ပွင့်လင်းမြင်သာမှုနည်းတဲ့ မြန်မာနိုင်ငံဖြစ်တဲ့အတွက် ပိုပြီးတော့ ကျွန်မတို့ ကြိုးစားရ မယ်ဆိုတဲ့ အသိလေးရှိသွားတာပေါ့နော်။" ဟု ပြောသည်။

အစိုးရမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူအခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ၊ ကျားမ တန်းတူအခွင့်အရေး၊ အခွင့်အလမ်းများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝလေး စားမြှင့် တင်ခြင်း စသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးအဓိပ္ပာယ် ဖွင့်ဆိုချက်ပါ တန်ဖိုးများနှင့်အညီ ဆောင်ရွက်ရန် လို အပ်ကြောင်း စက်တင်ဘာလ ၂၃ရက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required