လူကုန်ကူးမှု သတင်းကြောင့် ထိုင်းနိုင်ငံတွင် ဂျာနယ်လစ်နှစ်ဦးကို အသရေဖျက်မှုဖြင့် ရုံးတင်စစ်ဆေး

လူကုန်ကူးမှု သတင်းကြောင့် ထိုင်းနိုင်ငံတွင် ဂျာနယ်လစ်နှစ်ဦးကို အသရေဖျက်မှုဖြင့် ရုံးတင်စစ်ဆေး

ဘန်ကောက်၊ ဇူလိုင်-၁၄ ။     ။ ကုလသမဂ္ဂက စစ်တပ်အုပ်ချုပ်နေတဲ့ ထိုင်းနိုင်ငံကို အမှုကို ပယ်ဖျက်လိုက်ဖို့ တိုက်တွန်းနေပေ မယ့်လည်း လူကုန်ကူးမှုတွင်ရေတပ် ပါဝင်ပတ်သက်နေသည်ဟူသည့် သတင်းကြောင့် သြစတြေးလျအယ်ဒီတာတစ်ဦး အပါ အဝင် ဂျာနယ်လစ်နှစ်ဦးကို ရုံးတင်စစ်ဆေးခဲ့သည်။

အလန်မော်ရစ်ဆန်နှင့် ၎င်း၏ ထိုင်းလုပ်ဖော်ကိုက်ဖက် ဖူးခက်ဝမ် သတင်းဝက်ဘ်ဆိုက်မှ ချူတီမာ ဆီဒါဆာသီရင်တို့နှစ်ဦးမှာ အကယ်၍ ပြစ်မှုထင်ရှားပါက ရာဇဝတ်မှုမြောက်သော အသရေဖျက်မှုအတွက် ထောင်ဒဏ် ၂နှစ်နှင့် ကွန်ပျူတာရာဇဝတ်မှု အက်ဥပဒေကို ချိုးဖောက်သည့်အတွက် ထောင်ဒဏ် ၅နှစ် အသီးသီး ကျခံရဖွယ် ရှိနေသည်။

စွဲချက်များမှာ ၂၀၁၃ခုနှစ် ဇူလိုင်လက ဖူးခက်ဝမ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်နေပြီး၊ ထိုဆောင်းပါး တွင် မြန်မာပြည်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာမွတ်စလင် ခိုလှုံခွင့်ရှာဖွေသူများကို လူကုန်ကူးမှုတွင် ထိုင်းရေတပ် အဖွဲ့ဝင် တစ်ချို့ ပါဝင်ပတ်သက်နေသည်ဟု ပြောကြားထားသည့် ရိုက်တာသတင်းအေဂျင်စီ၏ သတင်းတစ်ပုဒ်ကို ကိုးကားဖော်ပြခဲ့သည်။

ရိုက်တာမှာ တရားစွဲဆိုခြင်းမခံရသည့်အပြင် ထိုသတင်းမှာ ယမန်နှစ်က ပူလစ်ဇာဆုစာရင်းပင် ဝင်သွားခဲ့သောကြောင့် လူ့အခွင့် အရေးအုပ်စုများက ထိုင်းရေတပ်မှာ မီဒီယာငယ်လေးတစ်ခု၏ လွတ်လပ်စွာဖော်ပြခွင့်ကို ပိတ်ပင်တားဆီးရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့ကြသည်။

ဖူးခက်ပြည်နယ်တရားရုံးတွင် ဖွင့်လှစ်ခဲ့သည့် အမှုကြားနာစစ်ဆေးမှုမကို အစိုးရရှေ့နေများက ဆင့်ခေါ်ထားသည့် သက်သေ ၄ဦး၏ သက်သေခံချက်ဖြင့် စတင်ဖွယ်ရှိသည်ဟု မျှော်လင့်ရပြီး၊ ရက်ပေါင်း၃၀အတွင်း စီရင်ချက်ချမည် ဖြစ်သည်။ ''စစ်အစိုးရက ဘာ့ကြောင့်အမှုကို မရုပ်သိမ်းသေးသလဲဆိုတာကို ကျွန်တော်တို့ နားမလည်နိုင်ဘူး''ဟု မော်ရစ်ဆန်က အမှုကြားနာမစစ်ဆေးမီတွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

''ရိုက်တာကို တရားစွဲဆိုထားတာကိုတောင် ပယ်ဖျက်ခဲ့တယ်။ ရိုက်တာမှာ ဖော်ပြထားတဲ့အတိုင်း ဤသည်မရွေးပြန် ကိုးကားခဲ့ တာပါ''ဟု မော်ရစ်ဆန်က ပြောကြားခဲ့သည်။   

ဂျာနယ်လစ်နှစ်ဦးအပေါ် စွဲချက်များကို ပယ်ဖျက်ပေးရန် ကုလ လူ့အခွင့်အရေးရုံးက အင်္ဂါနေ့က ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့သည်။

''ဂျာနယ်လစ်တွေ လက်တုံ့ပြန်ခံရမှာကို ကြောက်စရာမလိုဘဲ လွတ်လပ်စွာဖော်ပြခွင့်အပါအဝင် စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပွင့်လင်းမြင်သာမှုနဲ့ လူထုစိတ်ဝင်စားတဲ့ ပြဿနာတွေမှာ တာဝန်ခံမှုကို မြှင့်တင်ရာမှာ မရှိမဖြစ်အရေးကြီးပါတယ်''ဟု ကုလက ၎င်း၏ ကြေညာချက်ထဲတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly