ဘာစီလိုနာ၏ လာလီဂါနိုင်ပွဲဆက်စံချိန်ကို ရီးယဲလ်ချိုးဖျက်နိုင်ခြင်းမရှိခဲ့

ဘာစီလိုနာ၏ လာလီဂါနိုင်ပွဲဆက်စံချိန်ကို ရီးယဲလ်ချိုးဖျက်နိုင်ခြင်းမရှိခဲ့

စက်တင်ဘာ ၂၂၊ မက်ဒရစ်။           ။ လာလီဂါတွင် မယုံနိုင်စရာခြေစွမ်းပြနေသော ရီးယဲလ်မက်ဒရစ်အသင်း၏ ရလဒ်ကောင်းများမှာ ဗုဒ္ဓဟူးနေ့ ဗီလာရီးယဲလ်နှင့်ပွဲ တွင် ရပ်တန့်သွားခဲ့ပြီး ဘာစီလိုနာအသင်း၏ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။

ဇီဒန်း၏ ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါ ၁၆ ပွဲဆက်အနိုင်ရထားပြီး ၂၀၁၀-၁၁ ဘောလုံးရာသီက ဘာစီလိုနာအသင်း ရရှိထားသည့် လာလီဂါနိုင်ပွဲဆက်စံချိန်နှင့် တူညီနေခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့က ဘာနေဗျူးတွင်ကစားသော လာလီဂါပွဲတွင် ဗီလာရီးယဲလ်အသင်းနှင့် တစ်ဂိုးစီသာသရေကျခဲ့သဖြင့် ဘာစီလိုနာအသင်း၏ နိုင်ပွဲဆက်စံချိန်ကိုချိုးဖျက်နိုင်ခြင်းမရှိခဲ့ဘဲ စံချိန်တူအဖြစ်သာ ရပ်တည်နိုင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဗီလာရီးယဲလ်အသင်းနှင့် သရေကျခဲ့သော်လည်း ငါးပွဲကစား၊ ရမှတ် ၁၃ မှတ်ဖြင့် လာလီဂါ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required