ဇူကာဘတ်နှင့် ချန်တို့က ရောဂါအမျိုးမျိုး တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃ ဘီယီယံ လှူဒါန်း

ဇူကာဘတ်နှင့် ချန်တို့က ရောဂါအမျိုးမျိုး တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃ ဘီယီယံ လှူဒါန်း
(ဓာတ်ပုံ - Facebook)

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် တည်ထောင်သူ  မာ့ခ်ဇူကာဘတ်နှင့် ဇနီးသည်ဖြစ်သူ ပရစ္စီလာ ချန်တို့ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ဆေးဘက်ဆိုင်ရာ သုတေသန ရန်ပုံငွေအတွက်  ဒေါ်လာ သန်းပေါင်း (၃) ထောင် (ပေါင် ၂.၃ ဘီလီယံ) ကို လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ အန္တိမပန်းတိုင်က "ရာစုအကုန်မှာ ရောဂါပျောက်ကင်းခြင်း၊ ရောဂါအားလုံးကို ကာကွယ်တားဆီးခြင်း သို့မဟုတ် ကိုင်တွယ် တိုက်ဖျက်ခြင်း"တို့ဖြစ်ကြောင်း ဆန်ဖရန်စ္စကိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက တည်ထောင်ခဲ့တဲ့ Chan Zuckerberg Initiative က အဆိုပါရန်ပုံငွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

အလှူငွေထဲက ဒေါ်လာ သန်းခြောက်ရာဟာ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ဇီဝသိပ္ပံ သုတေသနဌာနကို ပေးမှာ ဖြစ်ပါတယ်။

မာ့ခ်ဇူကာဘတ်နှင့် မစ္စချန်တို့ဟာ သမီးဦးမွေးဖွားပြီးနောက်မှာ ဖေ့စ်ဘွတ်ခ်မှာ သူတို့ရဲ့ အစုရှယ်ယာ ၉၉ ရာခိုင်နှုန်း ပေးဖို့ စီစဉ်ထားကြောင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက ကြေငြာခဲ့ပါတယ်။

Chan Zuckerberg အဖွဲ့အစည်းရဲ့ မစ်ရှင်က ပိုမိုကောင်းမွန်တဲ့ လူ့အလားအလာ တိုးတက်ခြင်းနှင့် တန်းတူညီမျှမှုကို အားပေးအားမြှောက်ပြုခြင်းတို့မှာ ရေရှည် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly