လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လျော့ချနိုင်ရန် အစိုးရအနေဖြင့် ထိန်းချုပ်သင့်

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လျော့ချနိုင်ရန် အစိုးရအနေဖြင့် ထိန်းချုပ်သင့်

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။           ။ မြန်မာနိုင်ငံတွင် နေရာမျိုးစုံ၊ ပုံစံမျိုးစုံ ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လျော့ချနိုင်ရန် မူးယစ်ဆေးဝါးနှင့် ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် အပြာ ဗီဒီယိုခွေများ၊ စာစောင်များနှင့် KTV များကို သက်ဆိုင်ရာ အစိုးရအနေဖြင့် ကန့်သတ်ရန် လို အပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးသာအောင်က သုံးသပ်ပြော ကြား သည်။

စက်တင်ဘာလ ၂၁ရက်၊ ရန်ကုန်မြို့၊ ပြည်လမ်းနှင့် နံနတ်တောလမ်းထောင့်၊ ဒိုင်းမွန်းတာဝါရှိ တရားဥပဒေ စိုးမိုးရေး စင်တာတွင် ကျင်းပသည့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆွေးနွေးပွဲတွင် သုံးသပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရားဟာ တရားဥပဒေ စိုးမိုးမှု မရှိရင် ဘယ်လိုမှ လည်ပတ်လိုမရပါဘူး။ တရားဥပဒေနဲ့ အုပ်ချုပ်ရမယ်။ ကျွန်တော်တို့ကတော့ နှစ်ပေါင်း ၅ဝ ကျော်လောက် တရားဥပဒေစိုးမိုးမှု မရှိခဲ့ဘူးလို့ ဒီလိုပဲ သုံးသပ် ရပါမယ်။ ဒီလိုအကြမ်းဖက်မှုဟာ အင်မတန်ကြမ်းတမ်းပြီး ခက်ထန်တဲ့ စိတ်ရှိနေတဲ့ အချိန်မှာ ဒီကိစ္စမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ တစ်ကမ္ဘာလုံးပဲ၊ မြန်မာပြည်လည်း ဒီ အတိုင်းပါပဲ။ ဒီနေ့ အချိန်ခါမှာတော့ အင်မတန် မကြားဝံ့ မနာသာတွေထိအောင် ကြားနေရပါတယ်။ ကျွန်တော်တို့ အသက် အရွယ် အရ စာစောင်တွေ ဖတ်ရမှာတောင် ကြောက်လာရပါတယ် ” ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သတ်၍ အချက်အလက် ကိန်းဂဏန်းများ မရှိသေးကြောင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုမှာ နေရာတိုင်း၊ အချိန်တိုင်း၊ အသက်အရွယ် မရွေး အကြမ်းဖက်မှု ခံနေရပြီး အကြမ်းဖက်မှုများ ပပျောက် အောင်လုပ် ဆောင်ရာတွင် ဖွံ့ဖြိုးရေးအဆင့် ၅ ဆင့်ဖြစ်သည့် တစ်ဦးချင်း၊ မိသားစု၊ ရပ်ရွာ၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်ဟူ၍ ရှိ ကြောင်း၊ အဆိုပါ ၅ ဆင့်ကို ကဏ္ဍအလိုက် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဟု လူမှုစီးပွားနှင့် ကျားမရေးရာသုတေသန အင် စတီကျူ မှ ဒါရိုက်တာ ဒေါ်စန္ဒာသန့်က ပြောသည်။

“တစ်ဦး တစ်ယောက်ချင်း ဒါမှမဟုတ် မိသားစုအနေနဲ့ ကျွန်မတို့က ကိုယ်ရဲ့ အကြမ်းဖက်မှုအန္တရာယ်ကို ကိုယ့်ကိုတိုင် တားဆီးနေ ကြတယ်။ အဲ့တော့ အဓိက လိုအပ်တာက နံပတ် ၁ ဥပဒေတွေ ခိုင်မာဖို့ လိုအပ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့ရဲ့ လက်ရှိ မြန် မာနိုင်ငံမှာ ရှိတဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အခါမှာ အဟတွေ၊ အပေါက်တွေ၊ အလျော့တွေ၊ အများကြီးရှိနေတယ်။ ဒီအတွက်ကြောင့် ဥ ပဒေဟာ ခိုင်မာဖို့လိုတယ်။ ပြီးတဲ့အခါ ဥပဒေလမ်းကြောင်းအရ အကောင်အထည်ဖော်တဲ့ အခါမှာ သက်ဆိုင်သူတွေက အမှုနဲ့ ပတ် သတ်တာတွေကို ကွဲကွဲပြားပြားသိရှိဖို့လိုအပ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုများ လျော့ချရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာ အဓိက လိုအပ်ပြီး တစ်ဦးတစ်ယောက် ချင်း၏ သဘောထားအမြင်များ ပြောင်းလဲသင့်ကြောင်းနှင့် ဥပဒေ တစ်ခု   ပြဋ္ဌာန်းလျှင် မည့်သို့ အပြစ်ပေးမည့်ဆိုသည်ကို အတိအလင်း ဖော် ပြ၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးသာအောင်၏ သုံးသပ် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required