လက်စတာနှင့်ပွဲမှ ခြေစွမ်းက သတင်းထောက်တစ်ချို့ကို ပါးစပ်ပိတ်သွားစေလိမ့်မည်ဟု ဖာဘရီဂက်စ်ပြော

လက်စတာနှင့်ပွဲမှ ခြေစွမ်းက သတင်းထောက်တစ်ချို့ကို ပါးစပ်ပိတ်သွားစေလိမ့်မည်ဟု ဖာဘရီဂက်စ်ပြော

စက်တင်ဘာ ၂၁၊ အင်္ဂလန် ။              ။ ချယ်လ်ဆီးအသင်းက လက်စတာအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလားပွဲစဉ်အပြီးတွင် ချယ်လ်ဆီးကွင်းလယ်လူဖာဘရီဂက်စ်က ထိုပွဲစဉ်မှ သူ၏ခြေစွမ်းသည် သတင်းထောက်တစ်ချို့ကို ပါးစပ်ပိတ်သွားစေလိ့မ်မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲတွင် လက်စတာအသင်းက အိုကာဇာကီ၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချယ်လ်ဆီးမှ ကာဟေးလ်နှင့်အက်စ်ပီလီကျူတာတို့က ပြန်လည်ချေပခဲ့သည်။ ထို့နောက်အချိန်ပိုတွင် ဖာဘရီဂက်စ်က အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

‘ပထမအနေနဲ့ ပွဲထွက်ကစားခွင့်ရလို့ ပျော်ပါတယ်။ ဒုတိယအနေနဲ့ကတော့ အသင်းကို ကူညီပေးနိုင်လို့ ပျော်ပါတယ်။ ဒီပွဲက ကျွန်တော့်ရဲ့ခြေစွမ်းက ဂျာနယ်လစ်အချို့၊ သတင်းစာအချို့နဲ့ အချို့သောဘာကိုပဲဖြစ်ဖြစ် ပါးစပ်ပိတ်သွားစေပါလိမ့်မယ်။

အာရုံစိုက်ပြီးအကောင်းဆုံးကစားခဲ့ပါတယ်။ ကျွန်တော်အခွင့်အရေးရတဲ့အချိန်မှာ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ကျွန်တော်ဘာလုပ်နိုင်တာဆိုတာကိုလည်း   ကောင်းကောင်းသိပါတယ်။ ဒါက ဒီအသင်းအတွက်ပါပဲ’ ဟု ဖာဘရီဂက်စ်က ပြောဆိုခဲ့သည်။

ချယ်လ်ဆီးနည်းပြ ကွန်တီကလည်း ဖာဘရီဂက်စ်သည် သိမြင်နားလည်မှုမြင့်မားပြီး လိမ္မာပါးနပ်သည့် ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း ၎င်းအတွက် ကျေနပ်သဘောကျမိကြောင်းနှင့် အခွင့်အရေးရသည့်အချိန်တွင် စိတ်ဓာတ်ကောင်းကို ပြသနိုင်သူဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required