ရီးယဲလ် ကွင်းလယ်လူ အစ္စကိုအား ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း မန်ယူခေါ်ယူလို

ရီးယဲလ် ကွင်းလယ်လူ အစ္စကိုအား ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း မန်ယူခေါ်ယူလို

စက်တင်ဘာ ၂၀၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုအား ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူလိုနေသည်။

နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်သန်း ၁၅၀ နီးပါးသုံးထားသည့် နည်းပြမော်ရင်ဟိုသည် ၎င်း၏အသင်းကို နောက်တစ်ဆင့် မြှင့်တင်ချင်သည့်အနေဖြင့် အစ္စကိုအား ခေါ်ယူချင်နေခြင်းဖြစ်သည်။

ပေါင် ၂၅ သန်းခန့် တန်ကြေးရှိသော စပိန် လက်ရွေးစင် ကွင်းလယ်ကစားသမားသည် နည်းပြဇီဒန်း လက်အောက်တွင် ဦးစားပေး အဖြစ်သတ်မှတ်ခံရခြင်း မရှိရာ ကစားကွက် ဖန်တီးနိုင်ခြင်းမရှိသည့် ပြဿနာကို ဖြေရှင်းချင်နေသည့် ယူနိုက်တက်အသင်း၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

အစ္စကိုသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၁၈ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အသင်းတွင် ဦးစားပေးအဖြစ် သတ်မှတ်ခံရခြင်းမရှိသည့် အသက် ၂၄ နှစ်အရွယ်ကစားသမားမှာ နှစ်သစ်ကူး အပြောင်းအရွှေ့ကာလအတွင်း အသင်းပြောင်းခွင့် ပြုခံရဖွယ်ရှိနေသည်။

အစ္စကိုသည် ရာသီကြို နောက်ဆုံးကာလတွင် ယူအီးအက်ဖ်အေစူပါဖလားအဖြစ် ဆီဗီလာနှင့်ကစားရသည့် ပွဲတစ်ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး အရန်အဖြစ် လာလီဂါပွဲနှစ်ပွဲ ကစားခွင့်ရထားသည်။

ယင်းကစားသမားကို ပြီးခဲ့သည့်လက မန်ချက်စတာစီးတီး၊ အာဆင်နယ်နှင့် စပါးအသင်းတို့က ခေါ်ယူရန်ကြိုးပမ်းခဲ့ကြသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required