ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရပ်တန့်ရန် ခက်ခဲဟု အွန်နရီ ပြော

ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရပ်တန့်ရန် ခက်ခဲဟု အွန်နရီ ပြော
(ဓာတ်ပုံ - အီးပီအေ)

ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ မန်ချက်စတာစီးတီးကို အနိုင်ကစားဖို့ဆိုရင် "အထူးစပါယ်ရှယ်တစ်ခုခုက" သာ ရပ်တန်နိုင်လိမ့်မယ်လို့ သီယာရီ အွန်နရီက ယုံကြည်နေပါတယ်။

မန်စီးတီးဟာ နည်းပြ ဂွာဒီယိုလာ လက်အောက်မှာ ပိုမိုကောင်းမွန်လာပြီး ပြိုင်ပွဲစုံ (၈) ပွဲကစားထားရာမှာ (၈) ပွဲစလုံး အနိုင်ရထားပါတယ်။

မန်စီးတီးအသင်းက မန်ယူကို နိုင်တဲ့ ဒါဘီ အောင်ပွဲနှင့်အတူ စနေနေ့က ဘုန်းမောက်အသင်းကို (၄-ဝ)ဂိုးပြတ်နဲ့ ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။

"သူတို့ ပိုပိုပြီးတော့ ကောင်းလာပါလိမ့်မယ်။ သူတို့ရဲ့ ချန်ပီယံဖြစ်နိုင်မယ့် အခွင့်ကို အထူးစပါယ် အရာတစ်ခုခုကသာလျှင် ရပ်တန့်နိုင်ပါလိမ့်မယ်"လို့ အွန်နရီက မန်စီးတီးအသင်းကို မှတ်ချက်ပေးခဲ့ပါတယ်။

"သူတို့က ဘုန်းမောက်ကို အနိုင်ယူခဲ့တယ်။ တကယ်လို့ မန်ယူနဲ့ပွဲမှာ ဘရာဗိုသာ အမှားမလုပ်ခဲ့ဘူးဆိုရင် ဒုတိယပိုင်းမှာ ပိုကောင်းပြီး ဂိုးတွေ ထပ်သွင်းယူနိုင်ဖွယ်ရှိပါလိမ့်မယ်။"

"သူတို့ရဲ့ ပွဲထွက်လူစာရင်းမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမား များများစားစား မရှိပါဘူး။ ဒါပေမဲ့ ဒီနေရာမှ သူတို့ရဲ့ ကွာပြားခြားနားတဲ့ သဘောထားရှိပါတယ်။ အဲဒါက မန်နေဂျာက သူတို့ဆီက ဘာလိုချင်တယ်ဆိုတာ ပြောတဲ့အတိုင်း လုပ်ဆောင်နေကြပါတယ်။ ခင်ဗျားတို့ မြင်မှာပါ... အချိန်တိုင်း သူတို့ဆီမှာပဲ ဘောလုံး ရှိနေပြီး ခံစစ်ကစားတဲ့ အချိန်မှာလည်းပဲ ဒီလိုပါပဲ" လို့ အွန်နရီက ပြောပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required