ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်း စာနာထောက်ထားရေးဆု ပေးအပ်သည့်အပေါ် ဟားဗတ်အစ္စလာမ္မစ် အသိုင်းအဝန်းကန့်ကွက်

ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်း စာနာထောက်ထားရေးဆု ပေးအပ်သည့်အပေါ် ဟားဗတ်အစ္စလာမ္မစ် အသိုင်းအဝန်းကန့်ကွက်

၂၀၁၆ ခုနှစ် လူသားချင်း စာနာထောက်ထားရေးဆုအား ဟားဗတ်တက္ကသိုလ် ဖောင်ဒေးရှင်းက မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ချီးမြှင့်ခြင်းအပေါ် မွတ်စလင်   ကျောင်းသားများနှင့် အဖွဲ့များက မြန်မာနိုင်ငံအတွင်း လူနည်းစု မွတ်စလင်များအပေါ် နှိပ်စက်မှုများအား ကိုင်တွယ်ဖြေရှင်း မရှိဟုဆိုကာ ဝေဖန်ကန့်ကွက်ကြသည်။

ဖောင်ဒေးရှင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဆုရွေးချယ် ပေးအပ်လိုက်ခြင်းသည် ကျောင်းသား အဖွဲ့အစည်းအတွက် အမှန်အထိတ်တလန့်ြ ဖစ်စေသည်ဟု ဟားဗတ်အစ္စလာမ္မစ် အသိုင်းအဝန်း၏   ပြည်ပရေးရာဆက်ဆံရေး ဥက္ကဌဖြစ်သူ အန်ဝါအိုမစ်ရှ်က ပြောကြောင်း ဟားဗတ်ကောလိပ်နေ့စဉ်သတင်းစာ The Crimson တွင် ဖော်ပြသည်။

မွတ်စလင်ကျောင်းသားများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ဆန္ဒပြရန်လည်း စီစဉ်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသော်လည်း လက်တွေ့ဖြစ်လာမည်ကို လက်တလော မသိရသေးပေ။

ဟားဗတ်အသိုင်းအဝန်းမှ မဟုတ်သော အဖွဲ့အစည်း တစ်ရပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ယင်းဆုချီးမြှင့်ခြင်း အလားတူ ကန့်ကွက်ကြောင်း ပြောသည်။ မြန်မာနိုင်ငံက မွတ်စလင်များအတွက် အကျိုးဆောင် လှုံ့ဆော်ပေးနေသည့် အဖွဲ့တစ်ရပ်ဖြစ်သော Burma Task Force USA အဖွဲ့က ကန့်ကွက်ကြောင်းစာကို ဟားဗတ်ဖောင်ဒေးရှင်သို့ ပေးပို့ခဲ့ကြောင်း အဖွဲ့၏ မီဒီယာဆက်ဆံရေး တာဝန်ခံဖြစ်သူ ဂျင်နီဖာဆာဝစ်ဇ်က ပြောကြောင်း The Crimson တွင် ဖော်ပြသည်။

“ဖောင်ဒေးရှင်းအနေဖြင့် ရှုပ်ထွေးသည့် အမှန်တရားထက် မျက်မြင်အပေါ်မှာသာ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း” အဆိုပါ ပေးပို့သည့် စာတွင် ရေးသားထားသည်ဟု ၎င်းက ပြောသည်။

“မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ လေးစားစရာပါ။ ဒါပေမယ့် ဒီဆုက ဒီမိုကရေစီဆုမဟုတ်ဘူး။ လူသားချင်းစာနာထောက်ထားရေးဆုဖြစ်တယ်။”ဟု ဆာဝစ်ဇ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required