ချယ်လ်ဆီးတွင်ဆက်နေရန် အော်စကာဆုံးဖြတ်ခဲ့၍ ကွန်တီဝမ်းမြောက်

ချယ်လ်ဆီးတွင်ဆက်နေရန် အော်စကာဆုံးဖြတ်ခဲ့၍ ကွန်တီဝမ်းမြောက်

စက်တင်ဘာ ၁၆၊ လန်ဒန်။          ။ နွေရာသီအတွင်း အင်တာမီလန်အသင်းထံမှလွန်စွာစိတ်ဝင်စားခြင်းခံရသော်လည်း ချယ်လ်ဆီးတွင် ဆက်နေရန်သာ အော်စကာ ဆုံးဖြတ်ခဲ့၍ နည်းပြကွန်တီက ကျေနပ်နေသည်။

အသက် ၂၅ နှစ်အရွယ်ကစားသမားသည် ကွန်တီ၏ ပရီးမီးယားလိဂ်အဖွင့်လေးပွဲတွင် ဖာဘရီဂက်စ်ကိုကျော်ကာ နေရာရနေသူ ဖြစ်သည်။

၂၀၁၅-၁၆ ရာသီကရုန်းကန်ခဲ့ရသော်လည်း ရာသီကြိုကာလအတွင်း အော်စကာ၏ခြေစွမ်းကို နည်းပြကွန်တီက သဘောကျ သဖြင့် အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။

အသင်းတွင်အော်စကာဆက်ရှိနေခြင်းကို ကျေနပ်ကြောင်းနှင့်ပတ်သက်ပြီး ကွန်တီက “ဒါပေ့ါ။ လုံးဝကျေနပ်တယ်။ အီတလီက နေ သတင်းတွေတော်တော်လေးထွက်ခဲ့ပေမယ့်လည်း သူဒီမှာပဲဆက်နေခဲ့လို့ ဝမ်းသာပါတယ်။

သူက ချယ်လ်ဆီးအသင်းရဲ့၊ ကျွန်တော့်ရဲ့ အစီအစဉ်ထဲမှာ ပါပါတယ်”ဟု ပြောသည်။

အင်တာမီလန်အသင်းသည် အော်စကာကိုခေါ်ယူရန် ကြိုးပမ်းမှုမအောင်မြင်ခဲ့သောကြောင့် စပို့တင်းအသင်းမှ ဂျောင်မာရီယို ကိုသာ ခေါ်ယူခဲ့ရသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags