မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုှပ်နှံကြဖို့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုှပ်နှံကြဖို့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

စက်တင်ဘာ ၁၆ ။              ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုှပ်နှံမှုများ လာရောက် လုပ်ဆောင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များအား တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အရှေ့တောင် အာရှနိုင်ငံ မြန်မာအပေါ် ကာလကြာ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို မကြာမီ ရုတ်သိမ်း ဖယ်ရှားပေးတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက ကတိပြုသွားခဲ့ပြီးနောက် ယခုကဲ့သို့ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီ စနစ်က နိုင်ငံသားတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို တိုးတက်ဖွံ့ဖြိုးစေနိုင်ပြီး အနာဂတ် လူမှုဘ၀ တိုးတက်ပြောင်းလဲမှုများ ဖြစ်ထွန်းစေနိုင်သည် ဆိုခြင်းကို သက်သေပြနိုင်ရန် အတွက် လူဦးရေ သန်း ၅၀ကျော် ရှိ ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံအတွက် နိုင်ငံခြား ရင်းနှီးမြုှပ်နှံမှုဖြင့် စီးပွားရေး ဖွံ့ဖြိုးနိုင်ရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

" စီးပွားရေး အောင်မြင်မှုက ကျွန်မတို့ နိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်က ကျွန်မတို့ အားလုံး စုစည်းညီညွတ်မှု ရနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ" ဟု  စီးပွားရေးလုပ်ငန်းရှင်များ၊ သံအရာရှိများ၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောဆိုသွားသည်။

" နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့ ပြည်သူတွေရဲ့ စီးပွားရေးမျှော်မှန်းချက်တွေကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ရပါမယ်" ဟု ၎င်းက ထပ်လောင်း   ပြောကြားသွားသည်။

နိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို မကြာခင် ရုတ်သိမ်းပေးတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ကတိပြုပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly