လီဗာပူးလ်နှင့်ပွဲတွင် ခံစစ်ကောင်းမွန်ရန်လိုသည်ဟု ဟာဇက်သတိပေး

လီဗာပူးလ်နှင့်ပွဲတွင် ခံစစ်ကောင်းမွန်ရန်လိုသည်ဟု ဟာဇက်သတိပေး

စက်တင်ဘာ ၁၅၊ လန်ဒန်။             ။ လီဗာပူးလ်အသင်း၏ တိုက်စစ်ကိုဟန့်တားရန် ခံစစ်ကောင်းမွန်ရမည်ဟု ချယ်လ်ဆီးအသင်းဖော်များကို ဟာဇက်က သတိပေး လိုက်သည်။

ဂျာဂင်ကလော့ပ်၏ လီဗာပူးလ်အသင်းသည် လက်ရှိချန်ပီယံလက်စတာကို အန်ဖီးလ်ကွင်းတွင် လေးဂိုးသွင်းနိုင်ခဲ့သည့်ပွဲ အပါအဝင် ငါးပွဲကစား ၁၄ ဂိုးသွင်းထားသည်။

ဟာဇက်၏ ချယ်လ်ဆီးအသင်းမှာမူ ဆွမ်ဆီးနှင့်ပွဲတွင် ၂-၂ ဂိုးစီသရေကျသဖြင့် ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲရမည့် အခွင့်ရေးကို လက်လွှတ်ခဲ့ရသည်။

အသင်းခေါင်းဆောင်တယ်ရီခြေကျင်းဝတ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်သည့် ချယ်လ်ဆီးအသင်းသည် လေးပွဲကစားပြီး ချိန်တွင် ဂိုးမပေးရသည့်ပွဲတစ်ပွဲသာရှိခဲ့သည်။

နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ဘန်လေကို ၃-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲမှာ ဇန်နဝါရီနောက်ပိုင်း အိမ်ကွင်းတွင် ပထမဆုံး ဂိုးမပေးရသည့်ပွဲလည်းဖြစ်သည်။

“ဆွမ်ဆီးနဲ့မတိုင်မီမှာ ကျွန်တော်တို့သုံးပွဲလုံးအနိုင်ရခဲ့တယ်။ ကျွန်တော်ကစားပုံကောင်းပြီး ဂိုးတွေရခဲ့ပေမယ့် ဂိုးတွေလည်းပေးခဲ့ ရတယ်။ အမြဲလိုလို တစ်ဂိုး၊ နှစ်ဂိုးပေးနေရတာက ရှက်စရာပဲ။

ခံစစ်ကိုပိုပြီးကျစ်ကျစ်လျစ်လျစ်ကစားဖို့ ကျွန်တော်တို့ပေါ်မူတည်နေတယ်။ ပြီးတော့ဂိုးတွေသွင်းပြီး နိုင်ပွဲတွေပိုရဖို့အတွက်ရော ပေါ့”ဟု ဟာဇက်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags