၂၅ ကြိမ်မြောက်ကျင်းပမည့် ဥရောပ ရုပ်ရှင်ပွဲတော်တွင် ပထမဆုံးအကြိမ် ကလေးရုပ်ရှင်ပွဲတော်ကို ထည့်သွင်းပြသမည်

၂၅ ကြိမ်မြောက်ကျင်းပမည့် ဥရောပ ရုပ်ရှင်ပွဲတော်တွင် ပထမဆုံးအကြိမ် ကလေးရုပ်ရှင်ပွဲတော်ကို ထည့်သွင်းပြသမည်

ရန်ကုန်၊ စက်တင်ဘာလ ၁၄ ။            ။ ၂၅ ကြိမ်မြောက် ကျင်းပမည့် ဥရောပရုပ်ရှင်ပွဲတော်တွင် စိတ်ဝင်စားဖွယ်အစီအစဉ် များစွာအနက် အထူး အစီအစဉ် တစ်ခုအဖြစ် ကလေးများအတွက် ရုပ်ရုပ်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပြသသွား မည်ဖြစ်ကြောင်း Goethe - Institut Myanmar မှ ဒါရိုက်တာ Franz Xaver Augustin ပြောကြားသည်။

စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၁၁နာရီ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေလိပ်ပြာ ဟော်တယ် အနီးရှိ Goethe စံအိမ်တွင် ပြုလုပ်သော ၂၅ ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပြပွဲကျင်းပရန်အတွက် သတင်းရှင်း လင်းပွဲတွင် ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပရိသတ်တွေ ကျွန်တော်တို့ ဥရောပတိုက်မှာ ဘာတွေဖြစ်နေလဲ၊ ဥရောပ တိုက်က ပုံရိပ်တွေ၊ လူနေမှုစရိုက်တွေကို သိရှိသွားစေဖို့ပါ၊ အဓိကတော့ ယဉ်ကျေးမှုချင်း ဖလှယ် တာပေါ့၊ အမြင်သစ်တွေ အမြင် ဆန်း တွေလည်း ခံစားရမှာပါ၊ အခုတစ်ခေါက်တော့ ကလေးရုပ်ရှင် ကားကို သုံးလေးကား လောက်ပဲ ပါဝင်ပြသသွား မှာ ဖြစ်ပေမယ့် အစပိုင်းမို့ လို့ပါ၊ ဥရောပအနေနဲ့ ကလေး ရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီး အရမ်းကောင်းတဲ့ ကားတွေထုတ်လု ပ်နိုင်တယ်၊ ထုတ်လုပ်တဲ့ အရေအတွက်လည်း များတယ်ဆိုတော့ ကျွန်တော်အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် နောက်နှစ်မှာ ဥရောပ ရုပ်ရှင်ပွဲကို ကလေးတွေအတွက် သီသန့်ဆိုပြီးတော့ ကားအများကြီးနဲ့ ကျင်းပချင်ပါတယ် " ၎င်းကဆိုသည်။

ဥရောပရုပ်ရှင်ပွဲတော်တွင် ဥရောပနိုင်ငံ ၁၃ နိုင်ငံမှ ရုပ်ရှင် ၁၆ ကားပါဝင်မည်ဖြစ်ပြီး လူမှုဘဝ၊ အချစ်၊ မိသားစု၊ ပဋိပက္ခ၊ ပြန်လည်ရင်ကြားစေ့ရေး၊ သမိုင်းကြောင်းများအပါအဝင် နိုင်ငံရေးနှင့် ပတ်သတ်သည့် ဆုများရရှိထားသော ဇာတ်လမ်း များကို ရိုက်ကူးထားသော ဥရောပထုတ်လုပ်ရေးနှင့် ပူတွဲထုတ်လုပ်သူများ၏ စိတ်ဝင်စားဖွယ် အစီအစဉ်များ ပါဝင် ကြောင်း ဒါရိုက်တာ Franz Xaver Augustinက ပြောသည်။

ဥရောပ လူကြီးရုပ်ရှင်ပြပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ နေပြည် တော်ရုပ်ရှင်ရုံတွင် ပြသသွားမည်ဖြစ်ပြီး ကလေးရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၂၄ ရက်မှ ၂၅ ရက်ထိ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရုပ်ရှင်ဖွင့်ပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် လူငယ်အနုပညာရှင် ၁၆ ယောက်၏ ပန်းချီပြပွဲအပါအဝင် ဘာလင် ဒီဂျေ ကလက်နိုက် နှင့်အတူ ည ၈နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေလိပ်ပြာ ဟော်တယ် အနီးရှိ Goethe စံအိမ်တွင် ကျင်းပသွားမည် ဖြစ်သည်။

ရုပ်ရှင်ပြပွဲကို တစ်ရက်လျှင် နှစ်ချိန်၊ ညနေ ၃နာရီခွဲမှ ၆ နာရီခွဲထိ၊ ရုပ်ရှင်လက်မှတ်များကို ပွဲမစမှီ တစ်နာရီမှ ရုပ်ရှင်ပြရန် ၁၅ မိနစ်အလိုထိ ဦးရာလူစေနစ်ဖြင့် အခမဲ့ယူ၍ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း + ၉၅ ၁ ၂၃ဝ၆၁၄၂/ +၉၅ ၁ ၂၃ဝ၆၄ နှင့် အီးမေးလ် - [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သ တင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly