ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် ဆွေးနွေး၊ ဗြိတိန်က ယခုနှစ်အတွက် ပေါင် ၁၁၈သန်း ထောက်ပံ့မည်

ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် ဆွေးနွေး၊ ဗြိတိန်က ယခုနှစ်အတွက် ပေါင် ၁၁၈သန်း ထောက်ပံ့မည်

မြန်မာနိုင်ငံ၏ အစိုးရတာဝန်ရှိ ခေါင်းဆောင်တစ်ဦး အနေဖြင့် ပထမဆုံးခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့် စက်တင်ဘာ ၁၃ ရက်တွင် တွေ့ဆုံခဲ့ကာ အကဲဆတ်သည့် လူ့အခွင့်အရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အမျိုးသမီး ခေါင်းဆောင်နှစ်ဦး အနေဖြင့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာ၌ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသည်။

“ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်သစ်များ ဖန်တီးရေး၊ အရည်သွေးမီကျန်းမာရေးစောင့်ရှောက်စနစ် တိုးတက်ရရှိရေးနဲ့ ပညာရေးစနစ်   ပြုပြင်ပြောင်းလဲမှုတွေအတွက်   ဆွေးနွေးခဲ့ကြပါတယ်။”ဟု အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်က ထုြတ်ပန်သည်။

မြန်မာနိုင်ငံ ရှေ့တိုးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆက်လက် ထောက်ပံ့သွားရန် ဗြိတိန်က အသင့်ရှိနေကြောင်း၊ ယခုနှစ်အတွက် အကူအညီ အထောက်အပံ့အဖြစ် ပေါင် ၁၁၈ သန်း (အမေရိကန်ဒေါ်လာ ၁၅၆ သန်း) ကူညီထောက်ပံ့ သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နှင့် တွေ့ဆုံခဲ့ကာ ရခိုင်ပြည်နယ် အရေးအပါအဝင် အခြားသော အရေးကြီး ကိစ္စရပ်များအပေါ်   ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required