ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် မန်စီးတီး - မိုချန်ဂလာဘတ်ပွဲ ဗုဒ္ဓဟူးနေ့မှာ ပြန်ကစားမည်

ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် မန်စီးတီး - မိုချန်ဂလာဘတ်ပွဲ ဗုဒ္ဓဟူးနေ့မှာ ပြန်ကစားမည်
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာမှာ အင်္ဂါနေ့ညနေပိုင်းက ကစားမယ့် မန်စီးတီးနဲ့ မိုချန်ဂလာဘတ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါပြီး ဗုဒ္ဓဟူးနေ့ ညပိုင်း (မြန်မာစံတော်ချိန် မနက် ၁း၁၅)မှာ ပြန်ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အင်္ဂါနေ့ညနေပိုင်းက မန်ချက်စတာမှာ ရာသီဥတု ဆိုးဝါးပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လျှပ်စစ်လျှပ်ခြင်းနှင့် မိုဃ်းချုန်းခြင်းများကြောင့် အုပ်စု (C) ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

အီတီဟတ်ကွင်းမှာ ရေတွေ တင်ကျန်ရစ်နေပြီး "ဘေးကင်း လုံခြုံမှုနှင့် ကွင်းတွင်း လုံခြုံရေး"အတွက် အခုလို ဆုံးဖြတ်ချက်, ချက်မှတ်လိုက်ကြေင်း မန်စီးတီးက ကြေညာချက်တစ်စောင်မှာ ပြောထားပါတယ်။

အင်္ဂါနေ့ပွဲအတွက် ဝယ်ယူထားတဲ့ လက်မှတ်တွေဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်ကစားမယ့် ပွဲအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly