ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ဘာစီလိုနာ၊ ဘိုင်ယန်တို့ ဂိုးပြတ် အနိုင်ရပြီး အဝေးကိုမှာ အာဆင်နယ် သရေကျ

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ဘာစီလိုနာ၊ ဘိုင်ယန်တို့ ဂိုးပြတ် အနိုင်ရပြီး အဝေးကိုမှာ အာဆင်နယ် သရေကျ

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲတွေကို အင်္ဂါညမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘာစီလိုနာ၊ ဘိုင်ယန်မြူးတို့ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ပြီး အာဆင်နယ်က အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပါတယ်။

မက်ဆီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၆) ကြိမ်မြောက် ဟက်ထရစ်သွင်းယူပြီး ဘာစီလိုနာက ဆဲလ်တစ်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအတွက် ဂိုးတွေကို မက်ဆီက (၃၊ ၂၇၊ ၆၀) မိနစ်၊ နေမာ (၅၀) မိနစ်၊ အင်နီယေစတာ (၅၉) မိနစ်နှင့် ဆွာရက်က (၇၈၊ ၈၈) မိနစ်မှာ သွင်းပြီး ဆဲလ်တစ်ကို (၇-ဝ) ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

အုပ်စု (D) ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နှင့် ရော့စတော့ဗ်တို့ ကစားတဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို လီဝန်ဒေါစကီး (၂၈) မိနစ်မှာ ပင်နယ်တီ၊ မူလာ (၄၅) မိနစ်၊ ကင်မစ်ချ်က (၅၃၊ ၆၀) မိနစ်၊ ဘားနတ် (၉၀) မိနစ်တို့မှာ အသီးသီး သွင်းယူပြီး အိမ်ကွင်းမှာ (၅-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ကလပ် (၇) သင်းကို ကိုင်တွယ်ဖူးတဲ့ ထမဆုံး နည်းပြဖြစ်လာပါတယ်။

အုပ်စု (A) ထဲက အာဆင်နယ်က အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ဂိုးနဲ့ အဝေးကွင်းမှာ PSG ကို သရေကျ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ဂ ဂိုးတွေကိုတော့ PSG တိုက်စစ်မှူး ကာဗာနီက ပွဲအစ (၄၂)စက္ကန့်မှာ သွင်းယူပြီး အာဆင်နယ်အတွက် ချေပဂိုးကို ဆန်းချက်ဇ်က (၇၇)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ကတော့  ချန်ပီယံလိဂ်အဖွင့်ပွဲ နောက်ဆုံး (၃) ကြိမ်မှာ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံးပြီး အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ကာဗာနီရဲ့ ဂိုးဟာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ အစောဆုံး ပေးခဲ့ရတဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အခြားပွဲစဉ်တွေမှာ မန်စီးတီးနှင့် မိုချန်ဂလာဘတ်ပွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေ့ဆိုင်းလိုက်ရပြီး နာပိုလီက ဒိုင်နမိုကိဗ်ကို (၂-၁) ဂိုးနဲ့ နိုင်ပြီး အက်သလက်တီကိုက PSV ကို အဝေးကွင်းမှာ (ဝ-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ရလဒ်များ

ဘေဆယ် ၁-၁ လူဒိုဂိုရတ်စ်
မန်စီးတီး P-P မိုချန်ဂလာဘတ်
ဘိုင်ယန်မြူးနစ် ၅-၀ ရော့စတော့ဗ်
PSV ဝ-၁ အက်သလက်တီကို
ဘာစီလိုနာ ၇-၀ ဆဲလ်တစ်
ဒိုင်နမိုကိဗ် ၁-၂ နာပိုလီ
PSG ၁-၁ အာဆင်နယ်
ဘင်ဖီကာ ၁-၁ ဘက်ဆစ်တက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly