ပရီးမီးယားလိဂ်တွင်ဗိုလ်စွဲရန် မန်စီးတီးလိုအပ်ချက်များစွာရှိနေဆဲဟု ဂွာဒီယိုလာပြော

ပရီးမီးယားလိဂ်တွင်ဗိုလ်စွဲရန် မန်စီးတီးလိုအပ်ချက်များစွာရှိနေဆဲဟု ဂွာဒီယိုလာပြော

စက်တင်ဘာ ၁၃၊ မန်ချက်စတာ။             ။ မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင်ဗိုလ်စွဲရန် လိုအပ်ချက်များစွာရှိနေပြီး တိုးတက်အောင်လုပ်ရမည်ဟု နည်းပြ ဂွာဒီယိုလာက ပြောသည်။

စနေနေ့က မန်ချက်စတာဒါဘီတွင် ယူနိုက်တက်ကိုအနိုင်ရခဲ့သည့် စီးတီးအသင်းသည် ရာသီအစရာနှုန်းပြည့်နိုင်ပွဲရယူထားပြီး အမှတ်ပေးဇယားထိပ်သို့ရောက်နေသည်။

“ကျွန်တော်တို့အခုကစားနေတဲ့ပုံစံနဲ့ဆို ဗိုလ်စွဲဖို့မလုံလောက်သေးဘူး”ဟု နွေရာသီတွင် ပယ်လီဂရီနီလက်ထဲမှ စီးတီးအသင်းကို လွှဲပြောင်းတာဝန်ယူထားသည့် ဂွာဒီယိုလာက ပြောသည်။

စီးတီးအသင်းသည် ပရီးမီးယားလိဂ်ဖလားကို ၂၀၁၄ တွင်နောက်ဆုံးဗိုလ်စွဲထားသည်။ “ရလဒ်တွေအတွက် ကျွန်တော်တို့ သိပ် ပျော်ပါတယ်။ နှစ်လလောက်ကစားခဲ့ပြီးတဲ့ ကိန်းဂဏန်းအချက်အလက်တွေအတွက်ရောပေါ့။

ဒါပေမဲ့ အဲဒါတွေက ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့၊ ချန်ပီယံလိဂ်မှာ ကြီးကြီးမားမားအောင်မြင်မှုရဖို့တော့ မလုံလောက်သေးပါဘူး”ဟု ဂွာဒီယိုလာက မိုချင်ဂလက်ဘတ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required