ဗန်ဟားနဲ့ နည်းပြအဖွဲ့ဝင်တွေ ထုတ်ပယ်ဖို့ မန်ယူအသင်း ပေါင် (၈.၄) သန်း လျော်ကြေး ပေးရ

ဗန်ဟားနဲ့ နည်းပြအဖွဲ့ဝင်တွေ ထုတ်ပယ်ဖို့ မန်ယူအသင်း ပေါင် (၈.၄) သန်း လျော်ကြေး ပေးရ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်ဟာ မေလက လူးဝစ်ဗန်ဟားနှင့် သူ့နည်းပြအဖွဲ့ဝင်တွေကို ထုတ်ပယ်ခဲ့ရာမှာ ပေါင်(၈.၄)သန်းပဲ ပေးပြီး ဖယ်ရှားခဲ့ကြောင်း အသင်းက အတည်ပြုခဲ့ပါတယ်။

ဒတ်ချ်လူမျိုး နည်းပြ ဗန်ဟားဟာ ရာသီအကုန်မှာ မန်ယူကို ပရီးမီးယားလိဂ်မှာ အဆင့် (၅) နေရာတာ ချိတ်စေခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ပါလွှဲချော်ခဲ့လို့ နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

မန်ယူရဲ့ ၂၀၁၅-၁၆ ဘဏ္ဍရေးနှစ် စာရင်းကို တနင်္လာနေ့က ထုတ်ပြန်လိုက်ပြီး တစ်နစ်အတွင်း ဝင်ငွေ ပေါင် (၅၁၅.၃) သန်းဖြင့် ဝင်ငွေ အများဆုံး အင်္ဂလိပ်ကလပ်အဖြစ် စံချိန်တစ်ခု တင်ခဲ့ပါတယ်။

မန်ယူအသင်းက FA ဖလား ရရှိပြီးနောက် (၄၈) နာရီအကြားမှာ ဗန်းဟားနှင့် သူ့နည်းပြအဖွဲ့ဝင်တွေကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly