ရခိုင်သယံဇာတနှင့် မြေယာပိုင်ဆိုင်ခွင့်အတွက် လက်မှတ် ၃သိန်းကျော်ကို အစိုးရထံပေးပို့ တောင်းဆိုမည်

ရခိုင်သယံဇာတနှင့် မြေယာပိုင်ဆိုင်ခွင့်အတွက် လက်မှတ် ၃သိန်းကျော်ကို အစိုးရထံပေးပို့ တောင်းဆိုမည်

ရန်ကုန်၊ စက်တင်ဘာလ ၁၂ ။              ။ ရခိုင်သယံဇာတနှင့် မြေယာပိုင်ဆိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်တို့ ရရှိရေးအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကောက်ခံရရှိထားသော လူထုဆန္ဒပြုလက်မှတ် ၃သိန်းကျော်ကို သက်ဆိုင်ရာအစိုးရထံ  စတင်ဘာလ ၁၂ရက်နေ့တွင် ပေးပို့ တောင်းဆို သွားမည်ဖြစ်ကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကွန်ရက်မှ ပြောရေး ဆိုခွင့်ရှိ သူ ဦးထွန်းကြည် က မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၂ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ကျင်းပပြု လုပ်သည့် ရခိုင့်သယံ ဇာတနှင့် မြေယာပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် သတင်းစာရှင်းလင်းပွဲတွင်   ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ဒီ သယံဇာတကြောင့်ပဲ ကမ္ဘာကြီးမှာ တိုက်ပွဲတွေဖြစ်တာပေါ့နော်။ သယံဇာတကြောင့်ပဲ လက်နက်ကိုင်တွေ ပေါ်လာ ကြတယ်။ သယံဇာတကြောင့်ပဲ ပြည်တွင်းစစ်တွေဖြစ်တယ်။ သယံဇာတကြောင့် ကျွန်တော်တို့ တိုင်းပြည် မွဲပြာကျတာ လည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်အရ အချိုးညီမျှတဲ့ခွဲဝေမှုတွေနဲ့ သွား မယ် ဆိုရင်တော့ ဒီသယံဇာတဟာ ကျွန်တော်တို့   နိုင်ငံတစ်ခုလုံးအတွက် အကျိုးအလွန်ရှိတဲ့ အရာတွေဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၂၅ကွက်ရှိသည့် အနက် လုပ် ကွက် ၁၈ ခုတွင် စမ်းသပ်တူးဖော်လျက်ရှိကြောင်းရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ နေသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ်များကို ရခိုင်ပြည်သူ များအနေဖြင့် ရသင့်ရထိုက်သော အကျိုးခံစားခွင့်မရရှိသည့်အပြင် လယ်ယာ ဆုံးရှုံးမှုများနှင့် သဘာဝပတ်ဝန်း ကျင် ပျက် စီးဆုံးရှုံးမှုများကို ဘေးထွက်ဆိုးကျိုးများအဖြစ် စီမံကိန်းနယ်မြေအတွင်းရှိ ပြည်သူလူထုများ ခံစားနေရသည့်အတွက် တောင်းဆို ခြင်းဖြစ်ကြောင်း ရခိုင်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးဇေယျာကျော် က ပြောသည်။

"အစိုးရက ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကတိကဝတ်တွေရှိပါတယ်။ ပြည်သူ့အစိုးရ ပြည်သူ့ဆန္ဒကို ဖော်ဆောင် ပေးမယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ပါဝင်ပတ်သတ်မှု၊ ဒီစကားတွေရှိတယ်၊ ဒီကတိတွေရှိပါတယ်။ တကယ်လို့ ကတိတည် တယ်ဆိုရင် ကောင်းမွန်တဲ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံအဖြစ် တကယ်ကို လုပ်ပေးတဲ့ အစိုးရလို့ ကျေနပ်ရမှာပါ" ဟု ၎င်းက ပြောသည်။

ရခိုင်သယံဇာတနှင့် မြေယာပိုင်ဆိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်တို့ ရရှိရေးအတွက် လူထုဆန္ဒပြုလက်မှတ်ကို ရခိုင် ပြည်နယ် ၁၇ မြို့နယ်တွင် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကွန်ရက်မှ ဦးဆောင်ကာ ဇွန်လ ၁ ရက်  နေ့မှ သြဂုတ်လ ကုန်အထိ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ပေးပို့တောင်းဆိုမှုကို အစိုးရမှ တုန့်ပြန်မှုမရှိ ပါက နိုဝင်ဘာလအတွင်း စစ်တွေမြို့ကို စုရပ်အဖြစ်ထားရှိကာ ကျောက်ဖြူမြို့ထိ လူထု လမ်းလျှောက် လှုပ်ရှားမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly