မြောက်ကိုရီးယား ရေကြီးမှုကြောင့် သေဆုံးသူ ၁၃၃ ဦးထိရှိခဲ့ပြီး ၄၀၀ နီးပါး ပျောက်ဆုံးနေ

မြောက်ကိုရီးယား ရေကြီးမှုကြောင့် သေဆုံးသူ ၁၃၃ ဦးထိရှိခဲ့ပြီး ၄၀၀ နီးပါး ပျောက်ဆုံးနေ

စက်တင်ဘာ ၁၂ ။               ။ မြောက်ကိုရီးယားနိုင်ငံရှိ နယ်စပ်ဒေသတစ်ခုတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ယခုလက်ရှိ အချိန်ထိ ၁၃၃ ဦးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်းနှင့် အခြားလူပေါင်း ၃၉၅ ဦးလည်း ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားလိုက်သည်။

အလားတူ လူထောင်ပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်း ဆက်လက်ထုတ်ပြန်သွားသည်။

ပြုံးယမ်းအစိုးရ ထုတ်ပြန်ချက်များကို ကိုးကား၍ အခြားရရှိထားသော သတင်း အရင်းအမြစ်များအရ ယင်းနိုင်ငံရှိ Tumen မြစ်တစ်လျှောက် မြစ်ရေလံျှကာ ရေလွှမ်းမိုးခဲ့ပြီး ဒေသခံ ၁၀၇,၀၀၀ ခန့်မှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေး နေခဲ့ရကြောင်း ကုလက ထုတ်ပြန်သွားသည်။

တရုတ်၊ ရုရှ တို့နှင့်နီးသော နယ်စပ်ဒေသရှိ နေထိုင်သူများမှာ ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ရေလွှမ်းမိုးမှုကြောင့် အိမ်ပေါင်း ၃၅,၅၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ယင်းတို့အနက်မှ ၆၉ ရာခိုင်နှုန်းမှာ လုံ့ဝကို ရစရာမရှိအောင် ပျက်စီးသွားခဲ့ကြောင်း၊ ပြည်သူပိုင် အဆောက်အအုံ ၈,၇၀၀ လည်း ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး က ထုတ်ပြန်သည်။

ယခုအခါ ကုလအေဂျင်စီများ၊ နိုင်ငံတကာ NGOs များ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့တို့ပါဝင်သော နိုင်ငံတကာ အဖွဲ့တစ်ခုသည် ပြီးခဲ့သည့်သီတင်းပတ်က ရေဘေးသင့် ဒေသသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly