ဒုတိယဂိုးက ပြစ်ဒဏ်ဘောဆိုတာ လပေါ်ကတောင်မြင်နိုင်ပါတယ်ဟု ကာဟေးလ် ပြောကြား

ဒုတိယဂိုးက ပြစ်ဒဏ်ဘောဆိုတာ လပေါ်ကတောင်မြင်နိုင်ပါတယ်ဟု ကာဟေးလ် ပြောကြား

စက်တင်ဘာ ၁၂၊ လန်ဒန် ။             ။ ဆွမ်ဆီးအသင်းနှင့်ပွဲစဉ်တွင် ပေးခဲ့ရသည့် ဒုတိယဂိုးသည် ပြစ်ဒဏ်ဘောဖြစ်ပြီး လီရွိုင်းဖား၏ ပြစ်ဒဏ်ကျူးလွန်မှုကို လပေါ်ကကြည့်လျှင်တောင်   တွေ့မြင်နိုင်သည်ဟု ချယ်လ်ဆီးနောက်ခံလူ ဂယ်ရီကာဟေးလ်က ပြောဆိုလိုက်သည်။

ဆွမ်ဆီးကွင်းတွင် ကစားခဲ့သည့် ထိုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ၂-၂ ဂိုးဖြင့် သရေကျခဲ့ကြသည်။

ထိုပွဲတွင် ချယ်လ်ဆီးအသင်းပေးခဲ့ရသည့် ဒုတိယဂိုး၌ ဆွမ်ဆီးကွင်းလယ်ကစားသမား လီရွိုင်းဖားက ဂယ်ရီကာဟေးလ်၏ ခြေထောက်ကိုကန်ကာ ဘောလုံးရယူပြီး ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

‘လပေါ်မှာ ထိုင်နေရင်တောင် ဒါက ပြစ်ဒဏ်ဘောဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ဒါက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။

ဒီအဖြစ်အပျက်က ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့ပေမယ့် ကစားသမားတွေက ခံစားရတာပါ။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်အသင်းကို သတ်လိုက်တာပါပဲ။ အခုဆိုရင် ကျွန်တော်တို့အသင်းက ပြိုင်ဆိုင်မှုပြင်းတဲ့ လိဂ်ပြိုင်ပွဲမှာ ၂ မှတ်လျော့သွားခဲ့ပါပြီ။ ဒိုင်သုံးယောက်လုံး ဒါကို မြင်နိုင်ပါတယ်။ သူတို့ကို ပြောခဲ့ပေမယ့် မမြင်ဘူးလို့ ပြောပါတယ်။ တကယ်ကို မယုံကြည်နိုင်စရာပါပဲ’ ဟု ကာဟေးလ်က ပြောဆိုခဲ့သည်။

ချယ်လ်ဆီးနည်းပြ ကွန်တီကလည်း ကွင်းလယ်ဒိုင် အန်ဒရီမာရီနာ၏ ဆုံးဖြတ်ချက်သည် ဆုံးရွားလွန်းကြောင်း ပြောဆိုခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆန်သွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required