ဝေါ်လ်ကာကို ၂၀၂၁ ခုနှစ်အထိ စပါးအသင်း စာချုပ်သက်တမ်းတိုး

ဝေါ်လ်ကာကို ၂၀၂၁ ခုနှစ်အထိ စပါးအသင်း စာချုပ်သက်တမ်းတိုး

စက်တင်ဘာ ၁၁၊ အင်္ဂလန် ။            ။ စပါးအသင်းသည် နောက်ခံကစားသမား ကယ်လီဝေါ်လ်ကာကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

စာချုပ်သစ်အရ ဝေါ်လ်ကာသည် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၇၅၀၀၀ ရရှိမည် ဖြစ်ပြီး စာချုပ်၏တန်ဖိုးမှာ ပေါင် ၁၉.၅ သန်း တန်ကြေးရှိသွားမည် ဖြစ်သည်။

စပါးအသင်းသည် အဓိကကွင်းလယ်ကစားသမား အဲရစ်ဆင်ကို စာချုပ်သက်တမ်းတိုးပြီးနောက် တစ်ဆက်တည်း ဝေါ်လ်ကာကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိဝေါ်လ်ကာသည် ၂၀၀၉ ခုနှစ်က ရှက်ဖီးယူနိုက်တက်မှ စပါးသို့ရောက်ရှိခဲ့သူဖြစ်သည်။ အသင်းသို့ရောက်ရှိစက ပထမကစားသမားနေရာရရန်ရုန်းကန်ခဲ့ရပြီး ကျူပီအာအသင်းနှင့် အက်စတွန်ဗီလာအသင်းများသို့ အငှားသွားရောက်ကစားခဲ့ရသည်။

နည်းပြပိုချက်တီနိုလက်ထက်တွင် ဝေါ်လ်ကာမှာ စပါးအသင်း၏အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။ လက်ရှိအင်္ဂလန်နည်းပြသစ် ဆမ်အလာဒွိုက်စ်လက်ထက်တွင်လည်း ဦးစားပေးကစားသမားအဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required