နှစ်သက်တမ်း ၁၂၀၀ ရှိသည့် ဗုဒ္ဓဥယျာဉ်ကို တရုတ်အနောက်တောင်ပိုင်းတွင် တူးဖော်တွေ့ရှိ

နှစ်သက်တမ်း ၁၂၀၀ ရှိသည့် ဗုဒ္ဓဥယျာဉ်ကို တရုတ်အနောက်တောင်ပိုင်းတွင် တူးဖော်တွေ့ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချန်ဒူမြို့အတွင်း နှစ်သက်တမ်း ၁၂၀၀ ကျော်ရှိသည့် ရှေးဟောင်း ဗုဒ္ဓဥယျာဉ်တော်တစ်ခုကို တူးဖော်တွေ့ရှိကြောင်း ဒေသတူးဖော်ရေးအဖွဲ့က ပြောသည်။

ယခုတွေ့ရှိသည့် ဗုဒ္ဓဥယျာဉ်တော်သည့် တရုတ် တန်မင်းဆက် (အေဒီ ၆၁၈ မှ အေဒီ ၉၀၇) ခေတ်က ဖြစ်ပြီး ချန်ဒူမြို့ တွင်ဆောက်လုပ်ရေး လုပ်ကွက်တစ်ခု အနီးတွင် ယခုလအစောပိုင်းက တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဥယျာဉ်မှာ စတုရန်းမီတာ ၂၅၀၀ ရှိပြီး အရှည် မီတာ ၉၀ ရှိ တူးမြောင်းတစ်ခုနှင့် ရေကန်တစ်ကန်တို့လည်း ပါဝင်သည်။

တူးဖော်ရေးအဖွဲ့ခေါင်းဆောင် ယီလီက ယခုတူးဖော်တွေ့ရှိသည့် ဥယျာဉ်တော်အတွင်း နှစ်ပေါင်း ၁၁၀ ကျော်သက်တမ်းရှိသည့် ဗုဒ္ဓရုပ်တုများနှင့် အုတ်ခဲပုံများကိုလည်း တွေ့ရှိကြောင်းပြောသည်။ တန်မင်းဆက်ခေတ်က တော်ဝင်တရားရုံးများ၊ ဂူပုထိုး များနှင့် နေအိမ်များနှင့် တကွ ဥယျာဉ်တော်ကိုပါ တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များ ကပြောသည်။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required