ဒရေ့ခ်၏ ကမ္ဘာလှည့်ဖျော်ဖြေရေးဘတ်စကားပေါ်မှ အမေရိကန်ဒေါ်လာ ၃သန်းတန်ကြေးရှိ ရတနာပစ္စည်းခိုးယူသူကို ဖမ်းဆီးရမိ

ဒရေ့ခ်၏ ကမ္ဘာလှည့်ဖျော်ဖြေရေးဘတ်စကားပေါ်မှ အမေရိကန်ဒေါ်လာ ၃သန်းတန်ကြေးရှိ ရတနာပစ္စည်းခိုးယူသူကို ဖမ်းဆီးရမိ

နယူးယော့ခ် ၊ စက်တင်ဘာ ၈ ။            ။ ဂရမ်မီဆုရှင် ရက်ပါဒရေ့ခ် မကြာသေးမီက ပြုလုပ်ခဲ့သော ကမ္ဘာလှည့်ဖျော်ဖြေရေးတွင် အသုံးပြုခဲ့သည့် ဘတ်စကားပေါ်မှ အမေရိကန်ဒေါ်လာ ၃သန်းတန်ကြေးရှိသော  ရတနာပစ္စည်းကို ခိုးယူခဲ့သည်ဟု သံသယရှိသူ အရီဇိုးနား ဇာတ်ခုံအလုပ်သမားကို အောက်တိုဘာ ၇ရက်က ဖမ်းဆီးခဲ့ကြောင်း အရီဇိုးနားရဲတပ်ဖွဲ့က ပြောကြားသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ထရာဗီရွန်ကင်းသည် မြို့တော် ဖီးနစ်မြို့ရှိ  Talking Stick  အားကစားကွင်းတွင် အောက်တိုဘာ၆ရက် ည၁၀နာရီခန့်က ဘတ်စကားပေါ်တက်ရောက်ခဲ့ပြီး လက်ဆွဲအိတ်ကို အလစ်သုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗီနစ်လီဝစ်က ပြောကြားသည်။

ကင်းသည် ယခင်ကလည်း ပြည်တွင် ဖျော်ဖြေပွဲများကို သတ်မှတ်ထားခြင်းမရှိသော စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ခဲ့သော်လည်း သီးသန့်ဖျော်ဖြေပွဲအတွက် အလုပ်လျှောက်ထားမှုကို   သေချာစွာသိရှိခဲ့ခြင်းမရှိပေ။ ကင်း၏ လှုပ်ရှားမှုများကို အားကစားကွင်းရှိ စောင့်ကြည့်ကင်မရာက ရိုက်ယူခဲ့ကြောင်း လီဝစ်က ပြောကြားသည်။

အဆိုပါ ဘတ်စကားသည် ဒရေ့ခ် နှင့် ရက်ပါ Future တို့ဖျော်ဖြေခဲ့သော ဖီးနစ်ဖျော်ဖြေပွဲတွင် အသုံးပြုခဲ့သည့် ဘတ်စကားဖြစ်သည်။ ယင်းအချိန်က ဘတ်စကားပေါ်တွင် တစ်ယောက်မှ ရှိပုံမရကြောင်း နှင့် ရတနာပစ္စည်းသည် ဒရေ့ခ်၏ ပစ္စည်းမဟုတ်ကြောင်း လီဝစ်က ပြောကြားသည်။

ဒရေ့ခ်၏ ကိုယ်စားလှယ်သည် ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပြောကြားရန် ငြင်းပယ်ခဲ့သည်။

ဒရေ့ခ် နှင့်  Future တို့သည် ဇူလိုင်လက စတင်ခဲ့သော  “ Summer Sixteen Tour” ဖျော်ဖြေပွဲ၏ အစိတ်ပိုင်းတစ်ခုအဖြစ် ဖီးနစ်မြို့လယ်ခေါင်တွင်  ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း   ဖျော်ဖြေရေးဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags