ပေါ်တူဂီနှင့် စပိန်တို့တွင် လောင်ကျွမ်းနေသော တောမီးများကို ခက်ခက်ခဲခဲ ငြိမ်းသတ်နေရ

ပေါ်တူဂီနှင့် စပိန်တို့တွင် လောင်ကျွမ်းနေသော တောမီးများကို ခက်ခက်ခဲခဲ ငြိမ်းသတ်နေရ

စက်တင်ဘာ ၈ ။              ။ စပိန်နှင့် ပေါ်တူဂီ နိုင်ငံတို့၌ လောင်ကျွမ်းနေလျက်ရှိသော တောမီးများကို ငြိမ်းသတ်နိုင်ရန် မီးသတ်သမားထောင်ပေါင်းများစွာတို့  အသည်းအသန် ကြိုးပမ်းနေရပြီး    အေးမြသည့် ရာသီဥတုကျရောက်လာရေးအပေါ် အာဏာပိုင်များက မျှော်လင့်နေလျက်ရှိသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပေါ်တူဂီနိုင်ငံ ပန်နီဒါ ဂီရက်စ် အမျိုးသားသဘာဝဥယျာဉ်တွင် လောင်ကျွမ်းနေသော တောမီးများ ဆက်လက် အရှိန်ကောင်းလာနေစဉ် ယင်းနှင့် များစွာမဝေးလှသော နယ်စပ် စပိန်မြောက်ပိုင်း ဂါလီစီယာ   ဒေသတွင်းလည်း အဓိက တောမီးကြီး ငါးခု လောင်ကျွမ်းနေလျက်ရှိသည်။

" စားကျက်မြေတွေတော့ မီးထဲပါသွားပါပြီ၊ ခုချိန်မှာ စားဖို့ ဘာမှမရှိတော့ပါဘူး၊ ခုဆိုရင် ဒီသဘာဝဥယျာဉ်ကြီး မီးဘေးသင့်ခဲ့တာက ပေါ်တူဂီနိုင်ငံအတွက်ရော၊ ခရီးသွားလုပ်ငန်းအတွက်ပါ ထိခိုက်စေခဲ့ပါပြီ" ဟု အာကိုစ်ဒီဗယ်ဒီဗက်ဇ် မြို့မှ မြို့တော်ဝန် ဟက်ဒါဘာရို့စ်က ပြောသည်။

လက်ရှိ နှစ်နိုင်ငံစလုံးတွင် လောင်ကျွမ်းနေသော တောမီးများကို မီးသတ်သမား ထောင်ပေါင်းများစွာက ကြိုးပမ်းငြိမ်းသတ်နေရပြီး လက်ရှိအချိန်တွင် ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာသည်ဟု သိရသော်လည်း ရက်ပိုင်းအတွင်း ပြင်းထန်လွန်းသော အပူချိန်ကြောင့် တောမီးငြိမ်းသတ်ရေး လုပ်ငန်းများအတွင်း အခက်အခဲများ ထပ်မံကြုံတွေ့လာနိုင်သည့်အပေါ် သက်ဆိုင်ရာ အာဏာပိုင်များက စိုးရိမ် ပူပန်လျက်ရှိသည်။

တောမီးများကြောင့် ဒေသတွင်းရှိ လူထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးမှုများ လုပ်ဆောင်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required