အာဂျင်တီးနားအတွက် မရှိမဖြစ် အသင်းခေါင်းဆောင်၊ မက်ဆီမပါတဲ့ (၅) ပွဲမှာ (၆) မှတ်သာ ရရှိ

အာဂျင်တီးနားအတွက် မရှိမဖြစ် အသင်းခေါင်းဆောင်၊ မက်ဆီမပါတဲ့ (၅) ပွဲမှာ (၆) မှတ်သာ ရရှိ

အင်္ဂါနေ့က တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေါင်ခြံဒဏ်ရာကြောင့် မပါနိုင်တဲ့ မက်ဆီရဲ့ အာဂျင်တီးနားဟာ ဗင်နီဇွဲလားကို (၂-၂)ဂိုးစီနဲ့ သရေသာ ကန်နိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဂျင်တီးနားအသင်းဟာ ဇယားထိပ်ဆုံးကနေ အဆင့် (၃) နေရာအထိ ဆင်းပေးလိုက်ရပါတယ်။

တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ အာဂျင်တီးနားဟာ (၈) ပွဲကစားခဲ့ရမှာ မက်ဆီ မပါဝင်နိုင်တဲ့ (၅) ပွဲမှာ (၆) မှတ်သာ ရခဲ့ပြီး (၉) မှတ်တိတိ အမှတ်ဆုံးရှုံးခဲ့တာကို တွေ့ရပါတယ်။

မက်ဆီ ပါဝင်ကစားနိုင်တဲ့ အာဂျီတီးနားအသင်းဟာ ချီလီ၊ ဘိုလီးဗီးယားနှင့် ဥရုဂွေးတို့နဲ့ (၃) ပွဲကိုတော့ ပွဲတိုင်း ကောင်းမွန်တဲ့ အနိုင်ရလဒ်နဲ့ (၄) ဂိုးသွင်းပြီး တစ်ပွဲ ဂိုးမပေးရတာကို တွေ့ရပါတယ်။

ဒါပေမယ့် မက်ဆီ မပါဝင်နိုင်တဲ့ (၅) ပွဲမှာ၂၀၁၅ ခုနှစ်က ကိုလံဘီယာအသင်းနဲ့ပွဲ တစ်ပွဲသာ  အာဂျင်တီးနားက အနိုင်ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် အချက်အလက်အရများအရ အာဂျင်တီးနားအတွက် သူတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ မရှိမဖြစ် လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required