အသင်း၏သမိုင်းဝင် ချန်ပီယံလိဂ်ပွဲစဉ်ကို ကြည့်ရှုခွင့်ရရန် လက်စတာပရိသတ်များ ၁၄ နာရီကြာ တန်းစီစောင့်ဆိုင်း

အသင်း၏သမိုင်းဝင် ချန်ပီယံလိဂ်ပွဲစဉ်ကို ကြည့်ရှုခွင့်ရရန် လက်စတာပရိသတ်များ ၁၄ နာရီကြာ တန်းစီစောင့်ဆိုင်း

စက်တင်ဘာ ၇၊ အင်္ဂလန် ။       ။ လက်စတာအသင်း၏ပရိသတ်များသည် အသင်း၏သမိုင်းဝင်ပွဲစဉ် ဖြစ်လာမည့် ပထမဆုံး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲကို ကြည့်ရှုခွင့်ရရှိရန် King Power Stadium တွင် ၁၄ နာရီကြာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရမယ့် ဘရုဂျက်အသင်းနှင့် အုပ်စုပွဲစဉ်အတွက် လက်မှတ်ရရှိရန် ပရိသတ်များမှာ ညလုံးပေါက်တန်းစီခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သည့် နည်းပြရာနီရေရီ၏ လက်စတာအသင်းသည် အသင်း၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက်ကစားခွင့် ရရှိထားသည်။

လက်စတာအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပေါ်တို၊ ဘရုဂျက်၊ ကိုပင်ဟေဂင်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဟု ယုံကြည်လျက်ရှိနေကြသည်။

လက်စတာအသင်း၏ တစ်ရာသီစာလက်မှတ်ဝယ်ယူထားသည့် ရစ်လီဝန်းက ဘာအကြောင်းနဲ့မှ ဒီပွဲစဉ်ကိုလွဲချော်သွားလို့ မဖြစ်ဘူးဟု ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းက အိပ်မက်များ အကောင်အထည်   ပေါ်လာခြင်းဖြစ်ပြီး အိပ်မက်များဆက်မက်နေဆဲဖြစ်ကြောင်း၊ သူတို့အသင်းအနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required